9. သင်၏မြို့ရိုးတို့ကိုလက်နက်များဖြင့် ထုဖြိုကြလိမ့်မည်။ သင်၏ရဲတိုက်များ ကိုလည်းသံချောင်းများဖြင့်ဖြိုချ ကြလိမ့်မည်။-
10. သူတို့၏မြင်းများကြောင့်လွင့်တက်လာသော မြေမှုန့်တို့သည်သင့်အားဖုံးလွှမ်းလိမ့်မည်။ မြို့တွင်းသို့လူများဝင်သကဲ့သို့ပျက်စီး နေသောမြို့၏တံခါးများကိုဖြတ်၍ မြင်း များလှည်းဆွဲသံ၊ စစ်မြင်းရထားဆွဲသံ တို့သည်သင်၏မြို့ရိုးများကိုတုန်လှုပ် စေလိမ့်မည်။-
11. သူတို့၏မြင်းစီးသူရဲများသည်သင်၏ လမ်းများကိုဖြတ်ကျော်ကာလူတို့အား ဋ္ဌားဖြင့်သတ်ကြလိမ့်မည်။ သင်၏ခိုင်ခံ့ သောကျောက်တိုင်များသည်မြေပေါ်သို့ ပြိုလဲကြလိမ့်မည်။-
12. ရန်သူများသည်သင်၏ဥစ္စာဘဏ္ဍာနှင့်ကုန် ပစ္စည်းများကိုသိမ်းယူကြလိမ့်မည်။ အုတ် နံရံများကိုဖြိုချ၍ သင်၏လှပသော အိမ်များကိုဖြိုဖျက်ကြလိမ့်မည်။ သင်တို့ ၏ကျောက်များ၊ သစ်သားများနှင့်အိမ် အပျက်အစီးများကိုပင်လယ်ထဲသို့ ပစ်လိမ့်မည်။-
13. သင်၏သီချင်းသံများ၊ စောင်းသံများကို ငါရပ်စဲစေမည်။-
14. ရေလုပ်သားတို့ပိုက်ကွန်လှန်းရန်ကျောက် သားပကတိကိုသာလျှင်ချန်ထားမည်။ မြို့ကိုအဘယ်အခါမျှပြန်လည်တည် ဆောက်ရမည်မဟုတ်ဟု ငါထာဝရဘုရား မိန့်တော်မူ၏။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။''
15. တုရုမြို့အားအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား``သင့်အားရန်သူတို့တိုက် ခိုက်အောင်မြင်နေချိန်၌ အသတ်ခံရသူတို့ နှင့်ဒဏ်ရာရသူတို့အော်ဟစ်သံများကြောင့် ပင်လယ်ကမ်းခြေတစ်လျှောက်တွင်နေထိုင် ကြသူတို့သည်ကြောက်လန့်တုန်လှုပ်ကြ လိမ့်မည်။-
16. ပင်လယ်ရေကြောင်းခရီးသွားလာသော နိုင်ငံတို့၏ဘုရင်အပေါင်းသည်ရာဇပလ္လင် များပေါ်မှဆင်းကြကာ မိမိတို့၏ဝတ်လုံ များနှင့်ပန်းထိုးထည်များကိုချွတ်၍ မြေ ပေါ်တွင်တုန်လှုပ်လျက်ထိုင်ကြလိမ့်မည်။ သင် တွေ့ကြုံရသည့်ကံကြမ္မာကိုမြင်၍ သူတို့ သည်အံ့အားသင့်လျက်အဆက်မပြတ် တုန်လှုပ်နေကြလိမ့်မည်။
17. သို့ဖြစ်၍သူတို့သည်သင့်အားရည်စူး ကာငိုခြင်းသီဆိုသည်မှာထင်ပေါ်ကျော်ဇောသောမြို့သည်ပျက်စီး လေပြီတကား။ပင်လယ်နား၌နေသောမြို့များသည်ပယ်ရှင်း ခြင်းကို ခံရပြီတကား။ဤမြို့သားတို့သည်ပင်လယ်များကိုအစိုးရ ခဲ့၏။ပင်လယ်ကမ်းခြေတွင်နေထိုင်သူတို့အားလည်း ကြောက်လန့်တုန်လှုပ်စေခဲ့ကြ၏။