6. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``လူ သတ်သမားတို့၏မြို့သည်အမင်္ဂလာရှိပါ သည်တကား။ ယင်းသည်အဘယ်အခါ၌မျှ မတိုက်မချွတ်ဘဲထားသဖြင့်ချေးတက်နေ သည့်ကြေးအိုးနှင့်တူ၏။ ကြေးအိုးထဲမှ အသားတစ်များကိုမဲချနေစရာမလို ဘဲ တစ်တုံးပြီးတစ်တုံးအကုန်အစင်ထုတ် လော့။-
7. ထိုမြို့ထဲ၌လူသတ်မှုဖြစ်ပွားခဲ့၏။ သို့ ရာတွင်သွေးသည်မြေပေါ်သို့မကျ။ ရှင်း လင်းသောကျောက်သားပေါ်သို့ကျသဖြင့် မြေမှုန့်နှင့်ဖုံးအုပ်ထားရန်မဖြစ်နိုင်။-
8. ထိုသွေးကအမျက်နှင့်လက်စားချေစေရန် ငါ သည်ယင်းကိုဖုံးအုပ်၍မထားနိုင်သည့်နေရာ တွင်ကျစေခြင်းဖြစ်၏'' ဟူ၍တည်း။
9. ထိုနောက်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား``လူသတ်သမားတို့၏မြို့သည် အမင်္ဂလာ ရှိပါသည်တကား။ ငါကိုယ်တိုင်ပင်ထင်းများ ကိုထည့်မည်။-