ယေ​ဇ​ကျေ​လ 24:18-24 Common Language Bible (BCL)

18. ငါ​သည်​နံ​နက်​ပိုင်း​၌​လူ​တို့​နှင့်​စ​ကား​စ​မြည် ပြော​ဆို​နေ​ခဲ့​၏။ ထို​နေ့​ည​နေ​၌​ငါ​၏​ဇ​နီး သည်​ကွယ်​လွန်​သွား​သော်​လည်း နောက်​တစ်​နေ့​၌ ငါ​သည်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ပြု​၏။-

19. လူ​တို့​က``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​သို့​ပြု သ​နည်း။ အ​ကျွန်ုပ်​တို့​နှင့်​ဆိုင်​သ​လော။ ပြော ပါ​လော့'' ဟု​ငါ့​အား​မေး​ကြ​၏။

20. ထို့​ကြောင့်​ငါ​က``ငါ့​ထံ​သို့​ထာ​ဝရ​ဘု​ရား နှုတ်​က​ပတ်​တော်​ရောက်​လာ​၏။-

21. ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-

22. ထို​အ​ခါ​သင်​တို့​သည်​ငါ​ပြု​ခဲ့​သည့်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ သင်​တို့​၏​မျက်​နှာ​များ​ကို​ဖုံး အုပ်​လိမ့်​မည်​မ​ဟုတ်။ ဝမ်း​နည်း​ပူ​ဆွေး​သူ​တို့ သည်​အ​စား​အ​စာ​ကို​စား​လိမ့်​မည်​မ​ဟုတ်။-

23. သင်​တို့​သည်​ခေါင်း​ပေါင်း​မ​ပေါင်း​ဘဲ​ဖိ​နပ်​မ​စီး ဘဲ​သွား​လာ​ကြ​လိမ့်​မည်​မ​ဟုတ်။ မြည်​တမ်း​ငို ကြွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​သင်​တို့​သည်​ကြုံ​လှီ​သွား​ကာ တစ်​ဦး​ရှေ့​တွင်​တစ်​ဦး​ညည်း​တွား​ကြ​လိမ့်​မည်။-

24. ထို​အ​ခါ​ငါ​သည်​သင်​တို့​၏​ပုဗ္ဗ​နိ​မိတ်​ဖြစ်​၍ သင်​တို့​သည်​ငါ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​တို့​ကို ပြု​ကြ​လိမ့်​မည်။ ဤ​သို့​ဖြစ်​ပျက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်​ဟု​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။

ယေ​ဇ​ကျေ​လ 24