15. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။-
16. ကိုယ်တော်က``အချင်းလူသား၊ သင်အချစ်ဆုံးသော သူကိုငါသည်ရုတ်တရက်ရုပ်သိမ်းမည်။ သင်သည် မညည်းညူရ။ မငိုရ။ မျက်ရည်မကျရ။-
17. သင်ရှိုက်သည့်အသံကိုလူတို့မကြားပါစေနှင့်။ ဝမ်းနည်းပူဆွေးသည့်လက္ခဏာဖြင့်ခေါင်းပေါင်း မပေါင်းဘဲ၊ ဖိနပ်မစီးဘဲမသွားမလာနှင့်။ သင်၏မျက်နှာကိုမဖုံးမအုပ်နှင့်။ ဝမ်းနည်း ပူဆွေးသူတို့စားသည့်အစားအစာကို လည်းမစားနှင့်'' ဟုမိန့်တော်မူ၏။
18. ငါသည်နံနက်ပိုင်း၌လူတို့နှင့်စကားစမြည် ပြောဆိုနေခဲ့၏။ ထိုနေ့ညနေ၌ငါ၏ဇနီး သည်ကွယ်လွန်သွားသော်လည်း နောက်တစ်နေ့၌ ငါသည်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပြု၏။-
19. လူတို့က``သင်သည်အဘယ်ကြောင့်ဤသို့ပြု သနည်း။ အကျွန်ုပ်တို့နှင့်ဆိုင်သလော။ ပြော ပါလော့'' ဟုငါ့အားမေးကြ၏။
20. ထို့ကြောင့်ငါက``ငါ့ထံသို့ထာဝရဘုရား နှုတ်ကပတ်တော်ရောက်လာ၏။-
21. ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
22. ထိုအခါသင်တို့သည်ငါပြုခဲ့သည့်အတိုင်း ပြုကြလိမ့်မည်။ သင်တို့၏မျက်နှာများကိုဖုံး အုပ်လိမ့်မည်မဟုတ်။ ဝမ်းနည်းပူဆွေးသူတို့ သည်အစားအစာကိုစားလိမ့်မည်မဟုတ်။-
23. သင်တို့သည်ခေါင်းပေါင်းမပေါင်းဘဲဖိနပ်မစီး ဘဲသွားလာကြလိမ့်မည်မဟုတ်။ မြည်တမ်းငို ကြွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ မိမိတို့၏ အပြစ်များကြောင့်သင်တို့သည်ကြုံလှီသွားကာ တစ်ဦးရှေ့တွင်တစ်ဦးညည်းတွားကြလိမ့်မည်။-
24. ထိုအခါငါသည်သင်တို့၏ပုဗ္ဗနိမိတ်ဖြစ်၍ သင်တို့သည်ငါပြုခဲ့သမျှသောအမှုတို့ကို ပြုကြလိမ့်မည်။ ဤသို့ဖြစ်ပျက်လာသောအခါ ကိုယ်တော်သည်အရှင်ထာဝရဘုရားဖြစ်တော် မူကြောင်း သင်တို့သိရှိကြလိမ့်မည်ဟုထာဝရ ဘုရားမိန့်တော်မူ၏'' ဟုဆို၏။
25. ထာဝရဘုရားက``အချင်းလူသား၊ ယခုငါ သည်သူတို့ဂုဏ်ယူဝါကြွားစရာ၊ စိတ်ကြည်နူး စရာဖြစ်သောခိုင်ခံ့လှသည့်ဗိမာန်တော်ကို ဖယ်ရှားမည်။ သူတို့သည်ထိုဗိမာန်တော်ကို ကြည့်ရှုလိုကြ၏။ ထိုဗိမာန်တော်သို့သွား ရောက်လိုကြ၏။ သူတို့၏သားသမီးများ ကိုလည်းငါသည်ရုပ်သိမ်းမည်။-
26. ထိုသို့ငါပြုသောနေ့၌သေဘေးမှလွတ်မြောက် လာသူတစ်စုံတစ်ယောက်သည် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့ကိုသင့်ထံသို့လာ၍ ပြောကြားလိမ့်မည်။-
27. ထိုနေ့၌ပင်လျှင်သင့်နှုတ်သည်လည်းပွင့်လျက် ထိုသူနှင့်စကားပြောနိုင်လိမ့်မည်။ တိတ်ဆိတ် နေတော့မည်မဟုတ်။ ဤနည်းအားဖြင့်သင်သည် လူတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းကိုလည်း သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။