1. ငါတို့ပြည်နှင်ဒဏ်ခံစဉ်ကိုးနှစ်မြောက်ဒသမ လ၊ လဆန်းဆယ်ရက်နေ့၌ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ထံသို့ရောက်လာ၏။-
2. ကိုယ်တော်က``အချင်းလူသား၊ ယနေ့နေ့စွဲကို ရေးမှတ်လော့။ အဘယ်ကြောင့်ဆိုသော်ဤနေ့ သည်ယေရုရှလင်မြို့ကိုဗာဗုလုန်မင်းစတင် ဝိုင်းရံသည့်နေ့ဖြစ်သောကြောင့်တည်း။-
3. ပုန်ကန်တတ်သောငါ၏လူမျိုးတော်အားသူတို့ အတွက် ငါအရှင်ထာဝရဘုရားဖော်ပြသည့် ပုံဥပမာကိုပြောပြလော့။ ယင်းပုံဥပမာမှာ``ကြေးအိုးကိုမီးဖိုပေါ်တွင်တင်၍ရေထည့် ပြီးလျှင်
4. အသားတုံးများကိုအိုးထဲသို့ထည့်လော့။လက်ရင်းပိုင်းနှင့်ပေါင်များမှအကောင်းဆုံးသော အသားတစ်များကိုလည်းကောင်းလက်ရွေးစင်အရိုးတို့ကိုလည်းကောင်း ကြေးအိုးပြည့်အောင်ထည့်လော့။
5. အဆူဖြိုးဆုံးသောသိုးကိုသာလျှင်အသုံး ပြုလော့။ကြေးအိုးအောက်တွင်မီးထင်းထည့်ကာရေကိုပွက်ပွက်ဆူစေ၍အရိုးများကိုပြုတ်လော့'' ဟုမိန့်တော်မူပါ၏။
6. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``လူ သတ်သမားတို့၏မြို့သည်အမင်္ဂလာရှိပါ သည်တကား။ ယင်းသည်အဘယ်အခါ၌မျှ မတိုက်မချွတ်ဘဲထားသဖြင့်ချေးတက်နေ သည့်ကြေးအိုးနှင့်တူ၏။ ကြေးအိုးထဲမှ အသားတစ်များကိုမဲချနေစရာမလို ဘဲ တစ်တုံးပြီးတစ်တုံးအကုန်အစင်ထုတ် လော့။-