ယေ​ဇ​ကျေ​လ 24:1-5 Common Language Bible (BCL)

1. ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​စဉ်​ကိုး​နှစ်​မြောက်​ဒ​သ​မ လ၊ လ​ဆန်း​ဆယ်​ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယ​နေ့​နေ့​စွဲ​ကို ရေး​မှတ်​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​နေ့ သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဗာ​ဗု​လုန်​မင်း​စ​တင် ဝိုင်း​ရံ​သည့်​နေ့​ဖြစ်​သော​ကြောင့်​တည်း။-

3. ပုန်​ကန်​တတ်​သော​ငါ​၏​လူ​မျိုး​တော်​အား​သူ​တို့ အ​တွက် ငါ​အ​ရှင်​ထာ​ဝရ​ဘုရား​ဖော်​ပြ​သည့် ပုံ​ဥ​ပ​မာ​ကို​ပြော​ပြ​လော့။ ယင်း​ပုံ​ဥပမာ​မှာ``ကြေး​အိုး​ကို​မီး​ဖို​ပေါ်​တွင်​တင်​၍​ရေ​ထည့် ပြီး​လျှင်

4. အ​သား​တုံး​များ​ကို​အိုး​ထဲ​သို့​ထည့်​လော့။လက်​ရင်း​ပိုင်း​နှင့်​ပေါင်​များ​မှ​အ​ကောင်း​ဆုံး​သော အ​သား​တစ်​များ​ကို​လည်း​ကောင်းလက်​ရွေး​စင်​အ​ရိုး​တို့​ကို​လည်း​ကောင်း ကြေး​အိုး​ပြည့်​အောင်​ထည့်​လော့။

5. အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​ကို​သာ​လျှင်​အ​သုံး ပြု​လော့။ကြေး​အိုး​အောက်​တွင်​မီး​ထင်း​ထည့်​ကာရေ​ကို​ပွက်​ပွက်​ဆူ​စေ​၍​အ​ရိုး​များ​ကို​ပြုတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။

ယေ​ဇ​ကျေ​လ 24