ယေ​ဇ​ကျေ​လ 23:9-16 Common Language Bible (BCL)

9. သို့​ဖြစ်​၍​သူ​မြတ်​နိုး​လှ​သည့်​အာ​ရှု​ရိ အ​မျိုး​သား​ချစ်​သူ​တို့​လက်​သို့ သူ့​အား ငါ​အပ်​လိုက်​၏။-

10. သူ​တို့​သည်​သူ့​အား​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​စေ​လျက် သူ​၏​သား​သ​မီး​များ​ကို​ဖမ်း ဆီး​ကြ​၏။ ထို​နောက်​သူ့​ကို​ဋ္ဌား​နှင့်​ခုတ်​သတ် ကြ​၏။ သူ​၏​ဖြစ်​ရပ်​ကို​နေ​ရာ​တ​ကာ​တွင် အ​မျိုး​သ​မီး​တို့​အ​တင်း​ပြော​ဆို​ကြ​၏။

11. ``အ​ဟော​လိ​ဗ​သည်​ဤ​အ​ဖြစ်​အ​ပျက်​ကို တွေ့​မြင်​၏။ သို့​ရာ​တွင်​သူ​သည်​အ​ဟော​လ ထက်​ပင် ပို​မို​ဆိုး​ရွား​သော​ပြည့်​တန်​ဆာ ဖြစ်​လာ​၏။-

12. သူ​သည်​လည်း​တောက်​ပြောင်​သော​ဆင်​တူ​ဝတ် စုံ​များ​ကို ဝတ်​ဆင်​ထား​သည့်​အာ​ရှု​ရိ​မှူး​မတ် အ​ရာ​ရှိ​များ​နှင့်​မြင်း​တပ်​ဗိုလ်​များ​အ​တွက် ရာ​ဂ​စိတ်​မွှန်​၍​နေ​၏။ သူ​တို့​အား​လုံး​သည် ရုပ်​ရည်​ချော​၍​ပျို​ရွယ်​သူ​များ​ဖြစ်​သ​တည်း။-

13. သူ​သည်​ကမ်း​ကုန်​အောင်​အ​ကျင့်​ပျက်​သူ ဖြစ်​ကြောင်း အစ်​မ​ကဲ့​သို့​ဆိုး​ရွား​သူ​ဖြစ် ကြောင်း​ကို​ငါ​သိ​မြင်​၏။

16. ထို​ရုပ်​ပုံ​များ​ကို​မြင်​လျှင်​မြင်​ချင်း​တပ် မက်​သော​စိတ်​ရှိ​သ​ဖြင့် ဗာ​ဗု​လုန်​ပြည်​ရှိ ထို​သူ​တို့​ထံ​သို့​စေ​တ​မန်​များ​ကို​လွှတ် လေ​သည်။-

ယေ​ဇ​ကျေ​လ 23