37. သူတို့သည်မျောက်မထားမှု၊ လူသတ်မှုတို့ကို ကူးလွန်ကြ၏။ ရုပ်တုများနှင့်မျောက်မထား၍ ငါနှင့်ရသောသားများကိုသတ်ကြ၏။ သူတို့ သည်ငါ၏သားတို့ကိုရုပ်တုတို့အားယဇ် ပူဇော်ကြ၏။-
38. သူတို့ပြုသောအမှုများကားဤမျှသာ မဟုတ်။ ငါ၏ဗိမာန်တော်ကိုညစ်ညမ်းစေ၍ ငါ၏ဥပုသ်နေ့ကိုလည်းမလေးမစားပြု ကြ၏။-
39. ငါ၏သားသမီးများကိုရုပ်တုတို့အားယဇ် ပူဇော်သည့်နေ့၌ပင် ငါ၏ဗိမာန်တော်သို့လာ ၍ဗိမာန်တော်ကိုညစ်ညမ်းစေလျက် ဤသို့ငါ ၏ဗိမာန်ကိုပြုကြသည်တကား။
40. ``သူတို့သည်ဝေးလံသောအရပ်များသို့လူ အကြိမ်ကြိမ်စေလွှတ်၍ ယောကျာ်းများကိုခေါ် ဖိတ်ကြ၏။ ယောကျာ်းတို့သည်လည်းလာရောက် ကြ၏။ ညီအစ်မနှစ်ယောက်တို့သည်ရေချိုးပြီး လျှင် မျက်ခွံများကိုဆေးဆိုးအလှပြင်၍ ကျောက်မျက်ရတနာများကိုဝတ်စားဆင် ယင်ကြ၏။-
41. သူတို့သည်မိမိတို့ရှေ့၌စားပွဲကိုကျနစွာ တည်ခင်းပြီးလျှင် လှပသောညောင်းစောင်းပေါ် တွင်ထိုင်ကြ၏။ စားပွဲပေါ်တွင်ငါပေးသည့်နံ့ သာပေါင်းနှင့်သံလွင်ဆီကိုတင်ထားကြ၏။-
42. ပျော်ရွှင်မြူးတူးနေသောလူတစ်စု၏အသံ ကိုကြားရ၏။ ဤလူစုသည်တောကန္တာရမှ ခေါ်ဆောင်လာသူများဖြစ်၏။ သူတို့သည် အမျိုးသမီးတို့၏လက်မောင်းတွင် လက်ကောက် များကိုဝတ်ပေး၍လှပသောသရဖူများ ကိုဆောင်းပေးကြ၏။-
43. ထိုသူတို့သည်မျောက်မထားမှုဖြင့်နွမ်းနယ် နေပြီဖြစ်သော အမျိုးသမီးကိုပြည့်တန်ဆာ အဖြစ်အသုံးပြုကြပါစေဟုငါတွေး တောမိ၏။-
44. သူတို့သည်ပြည့်တန်ဆာတို့ထံထပ်ခါထပ်ခါ ပြန်သွားကြ၏။ သူတို့သည်အကျင့်ပျက်သူ အဟောလနှင့်အဟောလိဗတို့ထံသို့ပြန် သွားကြ၏။-
45. ထိုမိန်းမနှစ်ယောက်တို့သည်မျောက်မထားသူ၊ လူသတ်သူများဖြစ်သဖြင့်သူတို့အားဖြောင့် မတ်သောသူတို့သည် မျောက်မထားမှုနှင့်လူ သတ်မှုတို့ကိုကူးလွန်သူများအဖြစ်ဖြင့် စီရင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
46. အရှင်ထာဝရဘုရားက``သူတို့အားကြောက်လန့် တုန်လှုပ်စေရန်နှင့်လုယက်စေရန် ရုန်းရင်းဆန် ခတ်ပြုသည့်လူအုပ်ကိုခေါ်ခဲ့လော့။-
47. သူတို့အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်ခုတ်လော့။ သူ တို့၏သားသမီးတို့ကိုသတ်၍အိမ်များကိုမီး ရှို့စေလော့။-
48. ထိုသူနှစ်ယောက်တို့ကဲ့သို့မျောက်မ မထားကြ စေရန် အမျိုးသမီးအပေါင်းတို့အားသတိ ပေးသည့်အနေဖြင့် ငါသည်တစ်ပြည်လုံး၌ အကျင့်ပျက်မှုမှန်သမျှကိုရပ်စဲစေမည်။-
49. အချင်းညီအစ်မနှစ်ယောက်တို့၊ ငါသည်သင်တို့ အားအကျင့်ပျက်မှု၊ ရုပ်တုများအားရှိခိုးဝတ် ပြုမှုအပြစ်များအတွက်ဒဏ်ခတ်မည်။ ထိုအခါ ငါသည်အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။