ယေ​ဇ​ကျေ​လ 23:28-41 Common Language Bible (BCL)

28. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``ငါ သည်​သင်​ရွံ​မုန်း​စက်​ဆုပ်​သူ​အ​မျိုး​သား​တို့ ၏​လက်​သို့​သင့်​ကို​အပ်​နှံ​မည်။-

29. သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-

30. ဤ​အ​ဖြစ်​မျိုး​နှင့်​ကြုံ​တွေ့​ရ​ခြင်း​ဖြစ်​၏။ သင် သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက်​ပြည့်​တန်​ဆာ ဖြစ်​၍ သူ​တို့​၏​ရုပ်​တု​များ​နှင့်​မိ​မိ​ကိုယ်​ကို ညစ်​ညမ်း​စေ​၏။-

31. သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ခြေ​ရာ​ကို​နင်း​သ ဖြင့် ငါ​သည်​သူ့​အား​သောက်​စေ​သော​အ​ပြစ် ဒဏ်​ဖ​လား​ကို​သင့်​အား​လည်း​သောက်​စေ​မည်'' ဟူ​၍​တည်း။

32. အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ``သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ဖ​လား​မှ သောက်​ရ​လိမ့်​မည်။ထို​ဖ​လား​သည်​ကြီး​၍​စောက်​နက်​၏။သင်​သည်​လူ​တိုင်း​တို့​၏​မ​ထီ​မဲ့​မြင်​ပြု​ခြင်း၊ ပြောင်​လှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ဖ​လား​သည်​ပြည့်​၍​နေ​၏။

33. ယင်း​သည်​သင့်​အား​စိတ်​ဆင်း​ရဲ​အောင်​ပြု​၍ မူး​ယစ်​စေ​လိမ့်​မည်။ကြောက်​လန့်​မှု​နှင့်​ပျက်​စီး​ဆုံး​ရှုံး​မှု​ကို ဖြစ်​စေ​တတ်​သည့်​ဖ​လား၊သင့်​အစ်​မ​ရှ​မာ​ရိ​၏​ဖ​လား​ဖြစ်​သည်။

34. သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။

35. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``သင်​ငါ့​ကို​မေ့ လျော့​ကာ​ကျော​ခိုင်း​လျက် တ​ဏှာ​ရာ​ဂ​စိတ်​နှင့် ပြည့်​တန်​ဆာ​လုပ်​သည့်​အ​တွက်​သင်​သည်​ဒုက္ခ ရောက်​ရ​ပေ​တော့​အံ့'' ဟု​မိန့်​တော်​မူ​၏။

36. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ကို တရား​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ သူ​တို့​သည် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သူ များ​ဖြစ်​ကြောင်း​စွဲ​ချက်​တင်​လော့။-

37. သူ​တို့​သည်​မျောက်​မ​ထား​မှု၊ လူ​သတ်​မှု​တို့​ကို ကူး​လွန်​ကြ​၏။ ရုပ်​တု​များ​နှင့်​မျောက်​မ​ထား​၍ ငါ​နှင့်​ရ​သော​သား​များ​ကို​သတ်​ကြ​၏။ သူ​တို့ သည်​ငါ​၏​သား​တို့​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​ကြ​၏။-

38. သူ​တို့​ပြု​သော​အ​မှု​များ​ကား​ဤ​မျှ​သာ မ​ဟုတ်။ ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​၍ ငါ​၏​ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု ကြ​၏။-

39. ငါ​၏​သား​သ​မီး​များ​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​သည့်​နေ့​၌​ပင် ငါ​၏​ဗိ​မာန်​တော်​သို့​လာ ၍​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ​လျက် ဤ​သို့​ငါ ၏​ဗိ​မာန်​ကို​ပြု​ကြ​သည်​တ​ကား။

40. ``သူ​တို့​သည်​ဝေး​လံ​သော​အ​ရပ်​များ​သို့​လူ အ​ကြိမ်​ကြိမ်​စေ​လွှတ်​၍ ယောကျာ်း​များ​ကို​ခေါ် ဖိတ်​ကြ​၏။ ယောကျာ်း​တို့​သည်​လည်း​လာ​ရောက် ကြ​၏။ ညီ​အစ်​မ​နှစ်​ယောက်​တို့​သည်​ရေ​ချိုး​ပြီး လျှင် မျက်​ခွံ​များ​ကို​ဆေး​ဆိုး​အ​လှ​ပြင်​၍ ကျောက်​မျက်​ရ​တ​နာ​များ​ကို​ဝတ်​စား​ဆင် ယင်​ကြ​၏။-

41. သူ​တို့​သည်​မိ​မိ​တို့​ရှေ့​၌​စား​ပွဲ​ကို​ကျ​န​စွာ တည်​ခင်း​ပြီး​လျှင် လှ​ပ​သော​ညောင်း​စောင်း​ပေါ် တွင်​ထိုင်​ကြ​၏။ စား​ပွဲ​ပေါ်​တွင်​ငါ​ပေး​သည့်​နံ့ သာ​ပေါင်း​နှင့်​သံ​လွင်​ဆီ​ကို​တင်​ထား​ကြ​၏။-

ယေ​ဇ​ကျေ​လ 23