ယေ​ဇ​ကျေ​လ 23:25-37 Common Language Bible (BCL)

25. ငါ​သည်​မ​နာ​လို​၍​အ​မျက်​ထွက်​သ​ဖြင့်​သင့် ကို​အ​မျက်​ဒေါ​သ​နှင့်​စီ​ရင်​ရန်​သူ​တို့​အား ခွင့်​ပြု​မည်။ သူ​တို့​သည်​သင်​၏​နှာ​ခေါင်း​နှင့်​နား ရွက်​တို့​ကို​ဖြတ်​၍ ကျန်​ရှိ​နေ​သေး​သော​သူ​များ သည်​ဋ္ဌား​ဖြင့်​သေ​ရ​မည်။ သင်​၏​သား​သ​မီး​များ ကို​ယူ​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​မှန်​ပင်​ကျန်​ရှိ​နေ​သေး​သော​သူ​များ​ကို မီး​ရှို့​ကြ​လိမ့်​မည်။-

26. သင်​၏​အ​ဝတ်​များ​ကို​ဆွဲ​ဆုတ်​ပစ်​ကာ သင် ၏​ကျောက်​မျက်​ရ​တ​နာ​များ​ကို​သိမ်း​ယူ ကြ​လိမ့်​မည်။-

27. ငါ​သည်​သင်​၏​ရာ​ဂ​စိတ်​ကို​လည်း​ကောင်း၊ အီ​ဂျစ် ပြည်​တွင်​သင်​ငယ်​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ပြု​ကျင့် ခဲ့​သော​ဆိုး​ညစ်​ယုတ်​မာ​မှု​ကို​လည်း​ကောင်း ရပ်​စဲ​စေ​မည်။ သင်​သည်​နောင်​အ​ဘယ်​အ​ခါ​၌ မျှ​ရုပ်​တု​များ​ကို​မျှော်​ကြည့်​ရ​တော့​မည်​မ ဟုတ်။ အီ​ဂျစ်​ပြည်​အ​ကြောင်း​ကို​လည်း​စဉ်း စား​ရ​တော့​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

28. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``ငါ သည်​သင်​ရွံ​မုန်း​စက်​ဆုပ်​သူ​အ​မျိုး​သား​တို့ ၏​လက်​သို့​သင့်​ကို​အပ်​နှံ​မည်။-

29. သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-

30. ဤ​အ​ဖြစ်​မျိုး​နှင့်​ကြုံ​တွေ့​ရ​ခြင်း​ဖြစ်​၏။ သင် သည်​လူ​မျိုး​တ​ကာ​တို့​အ​တွက်​ပြည့်​တန်​ဆာ ဖြစ်​၍ သူ​တို့​၏​ရုပ်​တု​များ​နှင့်​မိ​မိ​ကိုယ်​ကို ညစ်​ညမ်း​စေ​၏။-

31. သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ခြေ​ရာ​ကို​နင်း​သ ဖြင့် ငါ​သည်​သူ့​အား​သောက်​စေ​သော​အ​ပြစ် ဒဏ်​ဖ​လား​ကို​သင့်​အား​လည်း​သောက်​စေ​မည်'' ဟူ​၍​တည်း။

32. အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ``သင်​သည်​အစ်​မ​ဖြစ်​သူ​၏​ဖ​လား​မှ သောက်​ရ​လိမ့်​မည်။ထို​ဖ​လား​သည်​ကြီး​၍​စောက်​နက်​၏။သင်​သည်​လူ​တိုင်း​တို့​၏​မ​ထီ​မဲ့​မြင်​ပြု​ခြင်း၊ ပြောင်​လှောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ဖ​လား​သည်​ပြည့်​၍​နေ​၏။

33. ယင်း​သည်​သင့်​အား​စိတ်​ဆင်း​ရဲ​အောင်​ပြု​၍ မူး​ယစ်​စေ​လိမ့်​မည်။ကြောက်​လန့်​မှု​နှင့်​ပျက်​စီး​ဆုံး​ရှုံး​မှု​ကို ဖြစ်​စေ​တတ်​သည့်​ဖ​လား၊သင့်​အစ်​မ​ရှ​မာ​ရိ​၏​ဖ​လား​ဖြစ်​သည်။

34. သင်​သည်​ယင်း​ကို​အ​ကုန်​အ​စင်​သောက်​ပြီး​မှ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ခွဲ​၍ဖ​လား​၏​အ​စ​အ​န​များ​ဖြင့်​မိ​မိ​၏​ရင်​သား​ကို လှီး​ဖြတ်​လိမ့်​မည်။ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟူ​၍​တည်း။

35. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``သင်​ငါ့​ကို​မေ့ လျော့​ကာ​ကျော​ခိုင်း​လျက် တ​ဏှာ​ရာ​ဂ​စိတ်​နှင့် ပြည့်​တန်​ဆာ​လုပ်​သည့်​အ​တွက်​သင်​သည်​ဒုက္ခ ရောက်​ရ​ပေ​တော့​အံ့'' ဟု​မိန့်​တော်​မူ​၏။

36. ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည်​အ​ဟော​လ​နှင့်​အ​ဟော​လိ​ဗ​တို့​ကို တရား​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ သူ​တို့​သည် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သူ များ​ဖြစ်​ကြောင်း​စွဲ​ချက်​တင်​လော့။-

37. သူ​တို့​သည်​မျောက်​မ​ထား​မှု၊ လူ​သတ်​မှု​တို့​ကို ကူး​လွန်​ကြ​၏။ ရုပ်​တု​များ​နှင့်​မျောက်​မ​ထား​၍ ငါ​နှင့်​ရ​သော​သား​များ​ကို​သတ်​ကြ​၏။ သူ​တို့ သည်​ငါ​၏​သား​တို့​ကို​ရုပ်​တု​တို့​အား​ယဇ် ပူ​ဇော်​ကြ​၏။-

ယေ​ဇ​ကျေ​လ 23