1-2. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။ ကိုယ်တော်က``အချင်းလူ သား၊ အခါတစ်ပါးကညီအစ်မနှစ်ယောက် ရှိ၏။-
3. သူတို့သည်ငယ်ရွယ်စဉ်အခါက အီဂျစ် ပြည်၌နေထိုင်စဉ် ရင်သားကိုပွတ်နယ်ခံရ လျက်အပျိုရည်ပျက်၍ပြည့်တန်ဆာများ ဖြစ်သွားကြ၏။-
4. အစ်မဖြစ်သူသည်အဟောလ၊ ညီမကား အဟောလိဗဟုနာမည်တွင်၏။ (အဟောလ သည်ရှမာရိမြို့ကိုသရုပ်ဆောင်၍အဟော လိဗကယေရုရှလင်မြို့ကိုသရုပ်ဆောင်၏။) ငါသည်သူတို့နှစ်ဦးစလုံးနှင့်ထိမ်းမြား မင်္ဂလာပြု၍သူတို့နှင့်သားသမီးများကို ရ၏။-
5. အဟောလသည်ငါ၏ဇနီးပင်ဖြစ်သော်လည်း ပြည့်တန်ဆာအလုပ်ကိုဆက်၍လုပ်ကာ အာရှုရိ ပြည်မှသူ၏ချစ်သူစစ်သူရဲများအတွက် ရာဂစိတ်မွှန်၍နေ၏။-
6. ထိုသူတို့သည်မရမ်းစေ့ရောင်ဆင်တူဝတ်စုံ များကိုဝတ်ဆင်သူစစ်သူရဲများ၊ မှူးမတ် များနှင့်အထက်တန်းအရာရှိများဖြစ် ကြ၏။ သူတို့အားလုံးပင်ရုပ်ရည်ချော၍ ပျိုရွယ်သောမြင်းတပ်ဗိုလ်များဖြစ်သတည်း။-
7. အဟောလသည်အာရှုရိအမျိုးသားအရာ ရှိအပေါင်းတို့အတွက် ပြည့်တန်ဆာအလုပ် ကိုလုပ်၏။ မိမိ၏တဏှာရမက်၏ဆွဲဆောင်မှု ကြောင့် အာရှုရိရုပ်တုတို့ကိုရှိခိုးဝတ်ပြု ကာမိမိကိုယ်ကိုညစ်ညမ်းစေ၏။-
8. သူသည်မိမိအပျိုရည်ပျက်ရသည့်အီဂျစ် ပြည်တွင် စတင်ခဲ့သည့်ပြည့်တန်ဆာအလုပ် ကိုဆက်၍လုပ်၏။ သူငယ်မအရွယ်ကပင် လျှင်ယောကျာ်းတို့သည် သူနှင့်အတူအိပ်စက် ကာသူ့အားပြည့်တန်ဆာကဲ့သို့ပြုကျင့် ခဲ့ကြ၏။-
9. သို့ဖြစ်၍သူမြတ်နိုးလှသည့်အာရှုရိ အမျိုးသားချစ်သူတို့လက်သို့ သူ့အား ငါအပ်လိုက်၏။-
10. သူတို့သည်သူ့အားအဝတ်အချည်းစည်း ဖြစ်စေလျက် သူ၏သားသမီးများကိုဖမ်း ဆီးကြ၏။ ထိုနောက်သူ့ကိုဋ္ဌားနှင့်ခုတ်သတ် ကြ၏။ သူ၏ဖြစ်ရပ်ကိုနေရာတကာတွင် အမျိုးသမီးတို့အတင်းပြောဆိုကြ၏။
11. ``အဟောလိဗသည်ဤအဖြစ်အပျက်ကို တွေ့မြင်၏။ သို့ရာတွင်သူသည်အဟောလ ထက်ပင် ပိုမိုဆိုးရွားသောပြည့်တန်ဆာ ဖြစ်လာ၏။-
12. သူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။-
13. သူသည်ကမ်းကုန်အောင်အကျင့်ပျက်သူ ဖြစ်ကြောင်း အစ်မကဲ့သို့ဆိုးရွားသူဖြစ် ကြောင်းကိုငါသိမြင်၏။
14-15. ``သူသည်ပို၍ပို၍အကျင့်ပျက်လာ၏။ ခါး စည်းများနှင့်လှပသောဦးရစ်များကိုဝတ် ဆင်ထားသည့်ခါလဒဲအရာရှိတို့သည် ခါလဒဲပြည်သားဗာဗုလုန်အရာရှိမြင်း ရထားတပ်ဗိုလ်များနှင့်တူ၍၊ သူတို့၏ရုပ် ပုံများကိုနံရံတွင်နီမြန်းတောက်ပသော ဆေးရောင်ဖြင့် ရေးဆွဲထားသည်ကိုတွေ့ မြင်လေ၏။-
16. ထိုရုပ်ပုံများကိုမြင်လျှင်မြင်ချင်းတပ် မက်သောစိတ်ရှိသဖြင့် ဗာဗုလုန်ပြည်ရှိ ထိုသူတို့ထံသို့စေတမန်များကိုလွှတ် လေသည်။-
17. ဗာဗုလုန်အမျိုးသားတို့သည်သူနှင့်အိပ် စက်ရန်လာရောက်ကြ၏။ သူတို့သည်သူနှင့် ကူးလွန်၍သူ့အားညစ်ညမ်းစေကြ၏။ သူ သည်သူတို့ကိုရွံရှာသည့်တိုင်အောင် သူတို့ သည်သူ့ကိုညစ်ညမ်းစေကြ၏။-