10. သူတို့သည်သူ့အားအဝတ်အချည်းစည်း ဖြစ်စေလျက် သူ၏သားသမီးများကိုဖမ်း ဆီးကြ၏။ ထိုနောက်သူ့ကိုဋ္ဌားနှင့်ခုတ်သတ် ကြ၏။ သူ၏ဖြစ်ရပ်ကိုနေရာတကာတွင် အမျိုးသမီးတို့အတင်းပြောဆိုကြ၏။
11. ``အဟောလိဗသည်ဤအဖြစ်အပျက်ကို တွေ့မြင်၏။ သို့ရာတွင်သူသည်အဟောလ ထက်ပင် ပိုမိုဆိုးရွားသောပြည့်တန်ဆာ ဖြစ်လာ၏။-
12. သူသည်လည်းတောက်ပြောင်သောဆင်တူဝတ် စုံများကို ဝတ်ဆင်ထားသည့်အာရှုရိမှူးမတ် အရာရှိများနှင့်မြင်းတပ်ဗိုလ်များအတွက် ရာဂစိတ်မွှန်၍နေ၏။ သူတို့အားလုံးသည် ရုပ်ရည်ချော၍ပျိုရွယ်သူများဖြစ်သတည်း။-
13. သူသည်ကမ်းကုန်အောင်အကျင့်ပျက်သူ ဖြစ်ကြောင်း အစ်မကဲ့သို့ဆိုးရွားသူဖြစ် ကြောင်းကိုငါသိမြင်၏။
14-15. ``သူသည်ပို၍ပို၍အကျင့်ပျက်လာ၏။ ခါး စည်းများနှင့်လှပသောဦးရစ်များကိုဝတ် ဆင်ထားသည့်ခါလဒဲအရာရှိတို့သည် ခါလဒဲပြည်သားဗာဗုလုန်အရာရှိမြင်း ရထားတပ်ဗိုလ်များနှင့်တူ၍၊ သူတို့၏ရုပ် ပုံများကိုနံရံတွင်နီမြန်းတောက်ပသော ဆေးရောင်ဖြင့် ရေးဆွဲထားသည်ကိုတွေ့ မြင်လေ၏။-
16. ထိုရုပ်ပုံများကိုမြင်လျှင်မြင်ချင်းတပ် မက်သောစိတ်ရှိသဖြင့် ဗာဗုလုန်ပြည်ရှိ ထိုသူတို့ထံသို့စေတမန်များကိုလွှတ် လေသည်။-
17. ဗာဗုလုန်အမျိုးသားတို့သည်သူနှင့်အိပ် စက်ရန်လာရောက်ကြ၏။ သူတို့သည်သူနှင့် ကူးလွန်၍သူ့အားညစ်ညမ်းစေကြ၏။ သူ သည်သူတို့ကိုရွံရှာသည့်တိုင်အောင် သူတို့ သည်သူ့ကိုညစ်ညမ်းစေကြ၏။-
18. သူသည်အများပြည်သူတို့ရှေ့၌အဝတ် အချည်းစည်းနှင့်နေ၍ လူတိုင်းအားမိမိ သည်ပြည့်တန်ဆာဖြစ်ကြောင်းကိုသိစေ၏။ ငါသည်သူ၏အစ်မကိုစက်ဆုပ်သကဲ့သို့ သူ့ကိုလည်းစက်ဆုပ်၏။-
19. သူသည်အီဂျစ်ပြည်တွင်သူငယ်မအရွယ် မှစ၍ပြုကျင့်ခဲ့သည့်အတိုင်း ယခုလည်း ပြုကျင့်ကာပိုမိုဆိုးရွားသောပြည့်တန် ဆာဖြစ်လာ၏။-
20. သူသည်မြင်းထီးနှင့်မြည်းကဲ့သို့ တဏှာ ရာဂကြီးသောယောကျာ်းများကိုအလွန် မက်မော၏။-''
21. (အချင်းအဟောလိဗ၊ သင်သည်သူငယ်မ အရွယ်ကယောကျာ်းတို့သင်၏ရင်သားတို့ ကိုပွတ်နယ်သဖြင့် အပျိုရည်ပျက်ခဲ့သည့် အီဂျစ်ပြည်တွင်ကူးလွန်ခဲ့သောကာမ ဂုဏ်လိုက်စားမှုကိုထပ်မံကူးလွန်လိုပါ သည်တကား။)
22. ``သို့ဖြစ်၍အချင်းအဟောလိဗ၊ သင့်အားငါ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင် သည်ဤချစ်သူတို့ကိုငြီးငွေ့သွားပြီဖြစ်သော် လည်း ငါသည်သူတို့အားခေါ်ဆောင်ခဲ့မည်။ သူတို့ သည်သင့်ကိုအမျက်ထွက်၍ဝိုင်းရံထားကြ လိမ့်မည်။-