ယေ​ဇ​ကျေ​လ 22:22-31 Common Language Bible (BCL)

22. ငွေ​သည်​ဖို​ထဲ​တွင်​အ​ရည်​ပျော်​ရ​သည့်​နည်း​တူ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ရည်​ပျော် ကြ​လိမ့်​မည်။ ထို​အ​ခါ​မိ​မိ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​လျက်​ရှိ​နေ ရ​ကြ​ကြောင်း​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

23. တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-

24. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သည်​အ​မျက်​တော်​ကျ​ရောက်​သော​နေ့ ၌၊ မိုး​ရေ​မ​ရ၊ မိုး​မ​ရွာ​ဘဲ​နေ​လိမ့်​မည်​ဖြစ် ကြောင်း ထို​ပြည်​ကို​ပြော​ကြား​လော့။-

25. သူ​တို့​၏​ခေါင်း​ဆောင်​များ​ထဲ​တွင်​ပူး​ပေါင်း ကြံ​စည်​မှု​ရှိ​၏။ သူ​တို့​သည်​သား​ကောင်​များ ကို​ကိုက်​သတ်​ဆွဲ​ဖြတ်​ပြီး​နောက် ဟောက်​နေ သော​ခြင်္သေ့​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် လူ​များ​ကို​သတ်​၍​ရ​နိုင်​သ​မျှ​သော​ငွေ နှင့်​ဥစ္စာ​ပစ္စည်း​တို့​ကို​ယူ​ကြ​၏။ ယင်း​သို့​သတ် ဖြတ်​မှု​ဖြင့်​သူ​တို့​သည်​အ​မျိုး​သ​မီး​မြောက် မြား​စွာ​ကို​မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​စေ ကြ​၏။-

26. ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငါ​၏​တ​ရား တော်​ကို​ချိုး​ဖောက်​၍ မြင့်​မြတ်​သန့်​ရှင်း​သည့် အ​ရာ​ကို​မ​ရို​မ​သေ​ပြု​ကြ​၏။ သူ​တို့​သည် မြင့်​မြတ်​သန့်​ရှင်း​သည့်​အ​ရာ​နှင့် သာ​မန်​အ​ရာ ကို​ခွဲ​ခြား​မှု​မ​ပြု​ကြ။ သူ​တို့​သည်​သန့်​စင် သည့်​အ​ရာ​နှင့်​မ​သန့်​စင်​သည့်​အ​ရာ ခြား နား​ပုံ​ကို​လည်း​သင်​ကြား​၍​မ​ပေး​ကြ။ ဥ​ပုသ်​နေ့​ကို​လျစ်​လူ​ပြု​ကြ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား မ​ရို​သေ​ကြ။-

27. အ​စိုး​ရ​အ​ရာ​ရှိ​များ​သည်​သား​ကောင် များ​ကို ကိုက်​သတ်​ဆွဲ​ဖြတ်​လျက်​နေ​သည့် ဝံ​ပု​လွေ​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​ချမ်း​သာ​ရေး​အ​တွက် အ​သက်​ကို​သတ်​၍​လူ​သတ်​မှု​ကူး​လွန် ကြ​၏။-

28. ပ​ရော​ဖက်​တို့​သည်​အုတ်​တံ​တိုင်း​ကို​ထုံး​ဖြူ သုတ်​သူ​များ​ကဲ့​သို့ ထို​အ​ပြစ်​များ​ကို​ဖုံး အုပ်​ပေး​ကြ​၏။ သူ​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အ​တု​များ​ကို​မြင်​လျက် မ​ဟုတ်​မ​မှန်​သော ဗျာ​ဒိတ်​ကို​ဆင့်​ဆို​ဟော​ပြော​ကြ​၏။ သူ​တို့ က​မိ​မိ​တို့​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ကြ​သည်​ဟု​ဆို သော်​လည်း ယင်း​ဗျာ​ဒိတ်​တို့​ကို​သူ​တို့​အား ငါ​မ​ပြော​ခဲ့။-

29. ထို​ဒေ​သ​တွင်​နေ​ထိုင်​သူ​တို့​သည် အ​နိုင်​အ​ထက် လု​ယူ​၍ လု​ယက်​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည် ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​နှိပ်​စက်​၍ လူ​မျိုး​ခြား တို့​အား​မ​တ​ရား​သ​ဖြင့်​နိုင်​ထက်​စီး​နင်း​ပြု ကြ​၏။-

30. ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ​ပြည် ကို​အ​မျက်​တော်​ဖြင့် ဖျက်​ဆီး​ပစ်​မည်​ပြု​သော အ​ခါ​ထို​ပြည်​ကို​တံ​တိုင်း​ကာ​နိုင်​မည့်​သူ၊ မြို့ ရိုး​များ​ပြို​ရာ​တွင်​ရပ်​၍​ခု​ခံ​နိုင်​မည့်​သူ​ကို ငါ​ရှာ​ကြည့်​၏။ သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​တွေ့​ရ။-

31. သို့​ဖြစ်​၍​ငါ​သည်​အ​မျက်​တော်​ကို​သွန်း​လောင်း ၍ သူ​တို့​အ​ပေါ်​သို့​အ​မျက်​တော်​ကို​မီး​သ ဖွယ်​သက်​ရောက်​စေ​မည်။ သူ​တို့​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​သူ​တို့​၏​ခေါင်း​ပေါ်​သို့​ကျ​ရောက် စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

ယေ​ဇ​ကျေ​လ 22