ယေ​ဇ​ကျေ​လ 22:1-16 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​လူ သတ်​သ​မား​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည့် မြို့​ကို စစ်​ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ ထို​မြို့​အား​မိ​မိ​ပြု​သည့်​စက်​ဆုပ်​ဖွယ်​ရာ အ​မှု​အ​ပေါင်း​တို့​ကို​ဖော်​ပြ​လော့။-

3. ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​အား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့် ဆို​လော့။ သင်​သည်​မိ​မိ​၏​လူ​တို့​ကို​အ​မြောက် အ​မြား​သတ်​ခဲ့​ပြီး​ရုပ်​တု​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​သ​ဖြင့်​သင်​၏​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လေ​ပြီ။-

4. သင်​သည်​ထို​လူ​သတ်​မှု​များ​အ​တွက်​အ​ပြစ် ရှိ​သည့်​ပြင် မိ​မိ​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​သည်​ဖြစ်​၍​သင် ၏​နေ့​ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ။ သင်​၏​နှစ်​များ​ကုန်​ဆုံး​ချိန်​စေ့​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​ပြက် ရယ်​ပြု​စ​ရာ၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ၏​ပြောင်​လှောင်​စ​ရာ​ဖြစ်​စေ​တော်​မူ​ပြီ။-

5. ရပ်​နီး​ရပ်​ဝေး​ရှိ​တိုင်း​ပြည်​တို့​သည်​သင် တ​ရား​လက်​လွတ်​ပြု​ကျင့်​၍ နာ​မည်​ပျက် မှု​ကြောင့်​ပြောင်​လှောင်​ကြ​၏။-

6. သင့်​အ​ထဲ​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည် ကို​အား​ကိုး​၍​လူ​သတ်​မှု​များ​ကို​ကူး​လွန် ကြ​၏။-

7. သင့်​အ​ထဲ​တွင်​အ​ဘယ်​သူ​မျှ​မိ​ဘ​ကို​ရို သေ​မြတ်​နိုး​မှု​မ​ပြု​ကြ။ သင့်​အ​ထဲ​တွင်​သင် သည်​လူ​မျိုး​ခြား​တို့​အား လိမ်​လည်​လှည့်​စား ၍​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​အား ညှဉ်း​ဆဲ​နှိပ်​စက်​၏။-

8. သန့်​ရှင်း​သော​ဌာန​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​၍ ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု​၏။-

9. သင်​၏​အ​ထဲ​၌​အ​ချို့​တို့​သည်​ကုန်း​ချော​၍ သူ​တစ်​ပါး​တို့​အား​သေ​ကြောင်း​ကြံ​ကြ​၏။ သင့်​အ​ထဲ​၌​တောင်​ပေါ်​ရှိ​ဝတ်​ပြု​ရာ​ဌာ​န များ​တွင် ရုပ်​တု​များ​အား​ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​စား​ကြ​၏။ အ​ချို့​မှာ​အ​စဉ် ကာ​မ​ဂုဏ်​လိုက်​စား​ကြ​၏။-

10. သင့်​အ​ထဲ​တွင်​အ​ချို့​သော​သူ​တို့​သည် မိ​မိ တို့​၏​မိ​ထွေး​များ​နှင့်​ပြစ်​မှား​ကြ​၏။ သင့် အ​ထဲ​၌​အ​ချို့​က​အ​မျိုး​သ​မီး​များ ရာ​သီ​လာ​ချိန်​တွင်​အ​ဋ္ဌမ္မ​ပြု​ကျင့်​ကြ​၏။-

11. သင့်​အ​ထဲ​၌​အ​ချို့​သော​သူ​တို့​သည်​သူ တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မိ​မိ​တို့​၏ ချွေး​မ​များ​ကို​သော်​လည်း​ကောင်း၊ အ​ဖေ​တူ အ​မေ​ကွဲ​နှ​မ​များ​ကို​သော်​လည်း​ကောင်း ဖြား​ယောင်း​ပြစ်​မှား​ကြ​၏။-

12. သင့်​အ​ထဲ​၌​သင်​၏​လူ​အ​ချို့​တို့​သည်​ကြေး စား​လူ​သတ်​သ​မား​များ​ဖြစ်​ကြ​၏။ အ​ချို့ မှာ​မိ​မိ​တို့​ဣ​သ​ရေ​လ​အ​မျိုး​သား​များ အား​ငွေ​ချေး​၍ အ​တိုး​ကို​ယူ​ကာ​မိ​မိ​တို့ ကိုယ်​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​ကြ​၏။ သူ​တို့ သည်​ငါ့​အား​မေ့​လျော့​သွား​ကြ​လေ​ကုန် ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။

13. ``ငါ​သည်​သင်​၏​မ​တ​ရား​စီး​ပွား​ရှာ​မှု အ​တွက်​အ​မျက်​ထွက်​လျက်၊ လက်​ဝါး​ချင်း ရိုက်​၍၊ လု​ယက်​သတ်​ဖြတ်​မှု​တို့​ကို​ရပ်​စဲ စေ​မည်။-

14. သင့်​အား​ငါ​စီ​ရင်​ပြီး​ချိန်​၌​သင်​သည်​ရဲ စွမ်း​သတ္တိ​ရှိ​ဦး​မည်​လော။ မိ​မိ​လက်​ကို​ပင်​မြှောက် နိုင်​ရန်​ခွန်​အား​ရှိ​ပါ​ဦး​မည်​လော။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ ငါ​သည်​မိ​မိ​၏​စ​ကား အ​တိုင်း​ပြု​မည်။-

15. သင်​၏​လူ​တို့​ကို​ငါ​သည်​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့်​သွား စေ​လျက်​သင်​၏​ဆိုး​ညစ်​မှု​များ​ကို​ရပ်​စဲ​ပစ် မည်။-

16. သို့​ဖြစ်​၍​သင်​သည် အ​ခြား​လူ​မျိုး​တို့​ရှေ့​တွင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ သည်​ထာ​ဝရ​ဘုရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယေ​ဇ​ကျေ​လ 22