ယေ​ဇ​ကျေ​လ 21:4-12 Common Language Bible (BCL)

4. ယင်း​သို့​လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင် ပစ်​ရန် ငါ​သည်​မြောက်​အ​ရပ်​မှ​နေ​၍​တောင် အ​ရပ်​သို့​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့ ကို​ဋ္ဌား​တော်​ဖြင့်​စီ​ရင်​မည်​ဖြစ်​ကြောင်း၊-

5. ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဋ္ဌား​တော် ကို​ဋ္ဌား​လွယ်​အိမ်​မှ​ထုတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း၊ ထို​ဋ္ဌား​ကို​ဋ္ဌား​လွယ်​အိမ်​သို့​ပြန် ၍​သွင်း​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရ​ကြ​လိမ့်​မည်။

6. ``အ​ချင်း​လူ​သား၊ သင်​သည်​စိတ်​ပျက်​ဝမ်း​နည်း ကြေ​ကွဲ​လျက်​ရှိ​ဘိ​သ​ကဲ့​သို့​ညည်း​တွား​လော့။ လူ​မြင်​ကွင်း​တွင်​ပြင်း​ပြ​စွာ​ညည်း​တွား​လော့။-

7. သင်​သည်​အ​ဘယ်​ကြောင့်​ညည်း​တွား​သည်​ကို လူ​တို့​မေး​မြန်း​ကြ​သော​အ​ခါ သင်​ကြား​သိ ရ​သော​သ​တင်း​ကြောင့်​ညည်း​တွား​ရ​ခြင်း ဖြစ်​ကြောင်း​ပြော​ပြ​လော့။ ထို​အ​မှု​အ​ရာ ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​တို့​သည်​နှ​လုံး တုန်​လျက်​သတ္တိ​ကြောင်​ကြ​လိမ့်​မည်။ သူ​တို့ ၏​လက်​များ​သည်​ပျော့​အိ​လျက်​ဒူး​များ လည်း​ပျော့​ခွေ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​ကား ဖြစ်​ပျက်​မည့်​အ​ချိန်​ကျ​ရောက်​ပြီ။ ယ​ခု ပင်​ဖြစ်​ပျက်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏။

8. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

9. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​လူ​တို့​အား​ဆင့်​ဆို ရ​မည်​မှာ၊``ဋ္ဌား​တော်​ကို​ထက်​အောင်​သွေး​ထား​ပြီး။ဋ္ဌား​တော်​ကို​ပြောင်​လက်​အောင်​တိုက်​ချွတ် ထား​ပြီ။

10. သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။

11. အ​ဆင်​သင့်​အ​သုံး​ပြု​နိုင်​စေ​ရန်​ထို​ဋ္ဌား​ကို ပြောင်​လက်​အောင်​တိုက်​ချွတ်​လျက်​ရှိ​၏။လူ​သတ်​သ​မား​၏​လက်​သို့​အပ်​ရန်ယင်း​ကို​ထက်​အောင်​သွေး​ပြီး​လျှင် ပြောင်​လက်​အောင်​တိုက်​ချွတ်​ထား​၏။

12. အ​ချင်း​လူ​သား၊ဝမ်း​နည်း​၍​အော်​ဟစ်​ငို ကြွေး​လော့။ဤ​ဋ္ဌား​သည်​ငါ​၏​လူ​မျိုး​တော်​အ​တွက်ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့ အ​တွက်​ဖြစ်​၏။သူ​တို့​သည်​ကျန်​ရှိ​နေ​သူ​ငါ​၏​လူ​မျိုး​တော်​ဝင် အ​ပေါင်း​နှင့်​အ​တူ​အ​သတ်​ခံ​ရ​ကြ​အံ့။စိတ်​ပျက်​လက်​လျော့​လျက်​သင်​၏​ရင်​ကို​တီး ခတ်​လော့။

ယေ​ဇ​ကျေ​လ 21