27. ငါသည်ယေရုရှလင်မြို့ကိုယိုယွင်းပျက်စီး စေမည်။ ယိုယွင်းပျက်စီးစေမည်။ ယိုယွင်းပျက် စီးစေမည်။ သို့ရာတွင်ထိုမြို့ကိုတရားဝင် ပိုင်ဆိုင်သူမရောက်မီ ယင်းကိုပြန်လည်ပြု ပြင်ကြလိမ့်မည်မဟုတ်။ ထိုသူအားငါ အပ်မည်။
28. ``အချင်းလူသား၊ ဗျာဒိတ်တော်ကိုဆင့်ဆို လော့။ ဣသရေလအမျိုးသားတို့အားစော် ကားသည့်အမ္မုန်ပြည်သားတို့အားငါအရှင် ထာဝရဘုရားအဘယ်သို့မိန့်တော်မူ ကြောင်းကိုကြေညာလော့။''``ဖျက်ဆီးသုတ်သင်ရန်ဋ္ဌားတော်ကို အသင့်ထားလေပြီ။ဋ္ဌားကိုအသင့်ထားလေပြီ။သတ်ဖြတ်ရန်ထိုဋ္ဌားတော်ကိုတိုက်ချွတ်ထား၏။လျှပ်ပြက်သကဲ့သို့ပြောင်လက်အောင်တိုက်ချွတ်ထား၏'' ဟုသူတို့အားဆင့်ဆိုလော့။
29. သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
30. `` `သင်၏ဋ္ဌားကိုဋ္ဌားလွယ်အိမ်သို့ပြန်သွင်း စေ။ သင့်ကိုဖန်ဆင်းရာအရပ်၊ သင်မွေးဖွား ရာပြည်တွင်ငါသည်သင့်အားတရားစီ ရင်မည်။-
31. ငါသည်တောက်လောင်နေသောမီးသဖွယ် ငါ၏အမျက်တော်ကို သင့်၏အပေါ်သို့ သွန်းလောင်းရလိမ့်မည်။ သင့်အားရက်စက် ကြမ်းကြုတ်သူအဖျက်ဝိဇ္ဇာတို့၏လက် သို့ငါပေးအပ်မည်။-
32. သင်သည်လောင်စာဖြစ်လိမ့်မည်။ မိမိ၏ပြည် ၌ပင်သေရလိမ့်မည်။ နောက်တစ်ဖန်အဘယ် သူမျှသင့်အားသတိရကြတော့မည်မ ဟုတ်' '' ဟုမိန့်တော်မူ၏။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။