22. ထိုအခါ`ယေရုရှလင်' ဟုရေးမှတ်ထားသော နိမိတ်ပြမြားသည် သူ၏ညာဘက်လက်တွင်း သို့ရောက်ရှိ၏။ ထိုမြားကသူ့အားမြို့ရိုးဖြို ရန်တုံးမောင်းများကိုသွားရောက်တပ်ဆင်ကာ သတ်ရန်အမိန့်ပေးလျက်စစ်တိုက်သံများ ကိုကြွေးကြော်ရန်လည်းကောင်း၊ တံခါးထု ဖွင့်ရန်တုံးမောင်းကိုလည်းကောင်း မြေကတုတ် များဖို့၍ကတုတ်ကျင်းများကိုတူးရန် လည်းကောင်းညွှန်ပြ၏။-
23. ယေရုရှလင်မြို့သူမြို့သားတို့သည်ဗာဗု လုန်မင်းနှင့် မိမိတို့ချုပ်ဆိုထားသည့်စစ်ပြေ ငြိမ်းခြင်းစာချုပ်များရှိသဖြင့် ဤသို့ကြို တင်ဟောကိန်းထွက်သည်ကိုယုံကြလိမ့်မည် မဟုတ်။ သို့ရာတွင်သူတို့အားမိမိတို့၏ အပြစ်များကိုပြန်လည်သတိရစေ၍ သူတို့အဖမ်းခံရကြလိမ့်မည်။-
24. သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား သင်တို့၏ပုန်ကန်မှုကြောင့်သင်တို့ ၏အပြစ်များကိုအမှတ်ရစေပြီ။ သင်တို့၏ အကျင့်အကြံဟူသမျှက သင်တို့၏အပြစ် များကိုပေါ်လွင်လာစေ၏။ သင်တို့ဤသို့ ပြုသည်ဖြစ်၍ ငါသည်သင်တို့ကိုရန်သူ များ၏လက်သို့ပေးအပ်မည်။
25. ``အချင်းယုတ်မာဆိုးညစ်သည့်ဣသရေလ မင်း၊ သင်၏ကံကြမ္မာကိုဖန်တီးမည့်နေ့ရက်၊ သင်အပြီးသတ်အပြစ်ဒဏ်ခံရမည့်နေ့ ရက်ကျရောက်လာလေပြီ။-
26. ဤကားငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။ သင်၏ရာဇသရဖူနှင့် ဦးရစ်ကိုချွတ်လိုက်လော့။ အခြေအနေအား လုံးပြောင်းလဲသွားလေပြီ။ ဆင်းရဲသူတို့ အားတန်ခိုးအာဏာပေးအပ်၍ တန်ခိုး အာဏာရှိသူတို့ကိုနိမ့်ကျစေအံ့။-
27. ငါသည်ယေရုရှလင်မြို့ကိုယိုယွင်းပျက်စီး စေမည်။ ယိုယွင်းပျက်စီးစေမည်။ ယိုယွင်းပျက် စီးစေမည်။ သို့ရာတွင်ထိုမြို့ကိုတရားဝင် ပိုင်ဆိုင်သူမရောက်မီ ယင်းကိုပြန်လည်ပြု ပြင်ကြလိမ့်မည်မဟုတ်။ ထိုသူအားငါ အပ်မည်။
28. ``အချင်းလူသား၊ ဗျာဒိတ်တော်ကိုဆင့်ဆို လော့။ ဣသရေလအမျိုးသားတို့အားစော် ကားသည့်အမ္မုန်ပြည်သားတို့အားငါအရှင် ထာဝရဘုရားအဘယ်သို့မိန့်တော်မူ ကြောင်းကိုကြေညာလော့။''``ဖျက်ဆီးသုတ်သင်ရန်ဋ္ဌားတော်ကို အသင့်ထားလေပြီ။ဋ္ဌားကိုအသင့်ထားလေပြီ။သတ်ဖြတ်ရန်ထိုဋ္ဌားတော်ကိုတိုက်ချွတ်ထား၏။လျှပ်ပြက်သကဲ့သို့ပြောင်လက်အောင်တိုက်ချွတ်ထား၏'' ဟုသူတို့အားဆင့်ဆိုလော့။
29. သင်တို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သင်တို့အားကြိုတင်ဟောပြော ချက်များသည်လည်းလိမ်လည်ဟောပြောမှု များသာဖြစ်၏။ သင်တို့အပြီးသတ်အပြစ် ဒဏ်ခံရမည့်နေ့ရက်သည်နီးကပ်လာလေ ပြီ။ ဋ္ဌားတော်သည်ယုတ်မာဆိုးညစ်သူတို့ ၏ဇက်ပေါ်သို့သတ်ဖြတ်ရန်ကျရောက်အံ့။
30. `` `သင်၏ဋ္ဌားကိုဋ္ဌားလွယ်အိမ်သို့ပြန်သွင်း စေ။ သင့်ကိုဖန်ဆင်းရာအရပ်၊ သင်မွေးဖွား ရာပြည်တွင်ငါသည်သင့်အားတရားစီ ရင်မည်။-
31. ငါသည်တောက်လောင်နေသောမီးသဖွယ် ငါ၏အမျက်တော်ကို သင့်၏အပေါ်သို့ သွန်းလောင်းရလိမ့်မည်။ သင့်အားရက်စက် ကြမ်းကြုတ်သူအဖျက်ဝိဇ္ဇာတို့၏လက် သို့ငါပေးအပ်မည်။-
32. သင်သည်လောင်စာဖြစ်လိမ့်မည်။ မိမိ၏ပြည် ၌ပင်သေရလိမ့်မည်။ နောက်တစ်ဖန်အဘယ် သူမျှသင့်အားသတိရကြတော့မည်မ ဟုတ်' '' ဟုမိန့်တော်မူ၏။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။