ယေ​ဇ​ကျေ​လ 20:9-13 Common Language Bible (BCL)

9. သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။

10. ``သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​တော​ကန္တာ​ရ​သို့​ထုတ်​ဆောင်​ကာ၊-

11. ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-

12. သူ​တို့​အား​မြင့်​မြတ်​သန့်​ရှင်း​စေ​သူ​မှာ ငါ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သ​တိ​ပေး လို​သ​ဖြင့် ငါ​နှင့်​သူ​တို့​သ​ဘော​တူ​သည့် အ​မှတ်​လက္ခ​ဏာ​အ​နေ​ဖြင့် ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ကြ​ရန်​ငါ​ပြ​ဋ္ဌာန်း​ထား​၏။-

13. သို့​ရာ​တွင်​သူ​တို့​သည်​တော​ကန္တာရ​၌​ပင် ငါ့​ကို​အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင် ခွင့်​ရ​မည်​ဖြစ်​သော်​လည်း​သူ​တို့​သည်​ငါ ၏​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​၍​ငါ​၏ အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကြ​၏။ ဥ​ပုသ်​နေ့ ကို​လည်း​အ​လျှင်း​မ​ရို​သေ။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​အား​တော​ကန္တာ​ရ​တွင်​ငါ​၏ အ​မျက်​တော်​သွန်း​လောင်း​ခြင်း​ဒဏ်​ကို​ခံ စေ​၍ သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ ခဲ့​၏။-

ယေ​ဇ​ကျေ​လ 20