ယေ​ဇ​ကျေ​လ 20:7-11 Common Language Bible (BCL)

7. ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊-

8. သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။-

9. သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။

10. ``သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​တော​ကန္တာ​ရ​သို့​ထုတ်​ဆောင်​ကာ၊-

11. ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-

ယေ​ဇ​ကျေ​လ 20