5. ငါအရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူကြောင်းကိုလည်း ပြောပြလော့။ ဣသရေလ လူမျိုးတို့ကိုငါရွေးကောက်တော်မူ၍ ယာကုပ် ၏အမျိုးအနွယ်တို့အားငါသည်ကတိပေး ကျိန်ဆိုခဲ့၏။ အီဂျစ်ပြည်တွင်ငါသည်သူတို့ အားထင်ရှားလျက် ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ကိုကျိန်ဆိုခဲ့၏။-
6. သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
7. ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သဖြင့် မိမိတို့မြတ်နိုးသည့် စက်ဆုပ်ဖွယ်ရာရုပ်တုများကိုစွန့်ပစ်လိုက် ကြရန်နှင့်အီဂျစ်ဘုရားအတုများကို ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမညစ် ညမ်းကြစေရန်သူတို့အားပြောသော်လည်း၊-