5. ငါအရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူကြောင်းကိုလည်း ပြောပြလော့။ ဣသရေလ လူမျိုးတို့ကိုငါရွေးကောက်တော်မူ၍ ယာကုပ် ၏အမျိုးအနွယ်တို့အားငါသည်ကတိပေး ကျိန်ဆိုခဲ့၏။ အီဂျစ်ပြည်တွင်ငါသည်သူတို့ အားထင်ရှားလျက် ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ကိုကျိန်ဆိုခဲ့၏။-
6. သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
7. ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သဖြင့် မိမိတို့မြတ်နိုးသည့် စက်ဆုပ်ဖွယ်ရာရုပ်တုများကိုစွန့်ပစ်လိုက် ကြရန်နှင့်အီဂျစ်ဘုရားအတုများကို ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမညစ် ညမ်းကြစေရန်သူတို့အားပြောသော်လည်း၊-
8. သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
9. သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။
10. ``သို့ဖြစ်၍ငါသည်သူတို့အားအီဂျစ် ပြည်မှတောကန္တာရသို့ထုတ်ဆောင်ကာ၊-
11. ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
12. သူတို့အားမြင့်မြတ်သန့်ရှင်းစေသူမှာ ငါ ထာဝရဘုရားပင်ဖြစ်ကြောင်းသတိပေး လိုသဖြင့် ငါနှင့်သူတို့သဘောတူသည့် အမှတ်လက္ခဏာအနေဖြင့် ဥပုသ်နေ့ကို စောင့်ထိန်းကြရန်ငါပြဋ္ဌာန်းထား၏။-
13. သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
14. သို့ရာတွင်ယင်းသို့ဖျက်ဆီးပစ်ပါမူနိုင်ငံ တကာရှေ့တွင် ငါ၏နာမတော်အသရေ ပျက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့ အားအီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သည်ကို လူမျိုးတကာတို့မြင်ခဲ့ကြသောကြောင့် ဖြစ်၏။-
15. သို့ဖြစ်၍အသာယာဆုံးသောပြည်၊ နို့နှင့် ပျားရည်စီးနေသောပြည်တည်းဟူသော ငါပေးအပ်ခဲ့သည့်ပြည်သို့ သူတို့အားပို့ ဆောင်တော့မည်မဟုတ်ဟုငါသည်တော ကန္တာရတွင်ကျိန်ဆိုခဲ့၏။-
16. ယင်းသို့ကျိန်ဆိုရခြင်းအကြောင်းမှာသူတို့ သည် မိမိတို့၏ရုပ်တုကိုးကွယ်မှုကိုပိုမို နှစ်သက်ကြလျက် ငါ၏အမိန့်တော်တို့ကို ပစ်ပယ်ကာငါ၏ပညတ်တော်တို့ကိုချိုး ဖောက်၍ ဥပုသ်နေ့ကိုမရိုမသေပြုကြ သောကြောင့်ဖြစ်၏။
17. ``သို့သော်ငါသည်သူတို့ကိုသနားသဖြင့် တောကန္တာရတွင်ဆုံးပါးပျက်စီးစေရန် မပြု။-
18. သို့ရာတွင်တောကန္တာရထဲမှသူတို့၏သား သမီးများအား`သင်တို့ဘိုးဘေးများစီရင် ခဲ့သည့်စည်းမျဉ်းများကိုမကျင့်သုံးကြ နှင့်။ သူတို့၏ဋ္ဌလေ့ထုံးစံများကိုမလိုက် လျှောက်ကြနှင့်။ သူတို့၏ရုပ်တုများကို ကိုးကွယ်ခြင်းအားဖြင့်ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။-
19. ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါ၏ပညတ်တော်တို့ကို စောင့်ထိန်း၍ ငါ၏အမိန့်တော်တို့ကိုနာခံ ကြလော့။-