44. အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
45. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
46. ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
47. တောင်အရပ်မှသစ်တောအားအရှင်ထာဝရ ဘုရားကထာဝရဘုရား၏နှုတ်ကပတ် တော်ကိုနားထောင်လော့။ ငါသည်မီးမွှေးလျက် ရှိ၏။ ထိုမီးသည်သင်၏သစ်ပင်ခြောက်ရှိ သမျှနှင့်သစ်ပင်စိုရှိသမျှတို့ကိုကျွမ်း လောင်စေလိမ့်မည်။ မီးတောက်များကိုအဘယ် အရာမျှမငြိမ်းမသတ်နိုင်ရာ။ ထိုမီးသည် တောင်အရပ်မှမြောက်အရပ်သို့ပျံ့နှံ့သွား ကာ မြေတစ်ပြင်လုံးကိုကျွမ်းလောင်စေ လိမ့်မည်။-
48. ထိုမီးကိုငါထာဝရဘုရားမွှေးတော်မူကြောင်း ယင်းကိုအဘယ်သူမျှမငြိမ်းမသတ်နိုင် ကြောင်းလူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟုမြွက်ဆိုတော်မူကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
49. ငါက``အရှင်ထာဝရဘုရားကျွန်တော်မျိုး သည်စကားထာများသာပြောဆိုနေခြင်း ဖြစ်သည်ဟု လူအပေါင်းတို့ပြောဆိုနေ ကြပါသည်'' ဟုလျှောက်ထား၏။