ယေ​ဇ​ကျေ​လ 20:10-19 Common Language Bible (BCL)

10. ``သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​တော​ကန္တာ​ရ​သို့​ထုတ်​ဆောင်​ကာ၊-

11. ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-

12. သူ​တို့​အား​မြင့်​မြတ်​သန့်​ရှင်း​စေ​သူ​မှာ ငါ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သ​တိ​ပေး လို​သ​ဖြင့် ငါ​နှင့်​သူ​တို့​သ​ဘော​တူ​သည့် အ​မှတ်​လက္ခ​ဏာ​အ​နေ​ဖြင့် ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ကြ​ရန်​ငါ​ပြ​ဋ္ဌာန်း​ထား​၏။-

13. သို့​ရာ​တွင်​သူ​တို့​သည်​တော​ကန္တာရ​၌​ပင် ငါ့​ကို​အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင် ခွင့်​ရ​မည်​ဖြစ်​သော်​လည်း​သူ​တို့​သည်​ငါ ၏​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​၍​ငါ​၏ အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကြ​၏။ ဥ​ပုသ်​နေ့ ကို​လည်း​အ​လျှင်း​မ​ရို​သေ။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​အား​တော​ကန္တာ​ရ​တွင်​ငါ​၏ အ​မျက်​တော်​သွန်း​လောင်း​ခြင်း​ဒဏ်​ကို​ခံ စေ​၍ သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ ခဲ့​၏။-

14. သို့​ရာ​တွင်​ယင်း​သို့​ဖျက်​ဆီး​ပစ်​ပါ​မူ​နိုင်​ငံ တ​ကာ​ရှေ့​တွင် ငါ​၏​နာ​မ​တော်​အ​သ​ရေ ပျက်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ အား​အီ​ဂျစ်​ပြည်​မှ ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို လူ​မျိုး​တ​ကာ​တို့​မြင်​ခဲ့​ကြ​သော​ကြောင့် ဖြစ်​၏။-

15. သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-

16. ယင်း​သို့​ကျိန်​ဆို​ရ​ခြင်း​အ​ကြောင်း​မှာ​သူ​တို့ သည် မိ​မိ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ပို​မို နှစ်​သက်​ကြ​လျက် ငါ​၏​အ​မိန့်​တော်​တို့​ကို ပစ်​ပယ်​ကာ​ငါ​၏​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍ ဥ​ပုသ်​နေ့​ကို​မ​ရို​မ​သေ​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။

17. ``သို့​သော်​ငါ​သည်​သူ​တို့​ကို​သ​နား​သ​ဖြင့် တော​ကန္တာ​ရ​တွင်​ဆုံး​ပါး​ပျက်​စီး​စေ​ရန် မ​ပြု။-

18. သို့​ရာ​တွင်​တော​ကန္တာ​ရ​ထဲ​မှ​သူ​တို့​၏​သား သ​မီး​များ​အား`သင်​တို့​ဘိုး​ဘေး​များ​စီ​ရင် ခဲ့​သည့်​စည်း​မျဉ်း​များ​ကို​မ​ကျင့်​သုံး​ကြ နှင့်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​လိုက် လျှောက်​ကြ​နှင့်။ သူ​တို့​၏​ရုပ်​တု​များ​ကို ကိုး​ကွယ်​ခြင်း​အား​ဖြင့်​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။-

19. ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​တော်​တို့​ကို​နာ​ခံ ကြ​လော့။-

ယေ​ဇ​ကျေ​လ 20