1. ပြည်နှင်ဒဏ်ခံရသည့်သတ္တမနှစ်မြောက်၊ ပဉ္စမလ၊ လဆန်းငါးရက်နေ့၌ဣသရေလခေါင်းဆောင် အချို့တို့သည် ထာဝရဘုရား၏အလိုတော် ကိုစုံစမ်းမေးမြန်းရန် ငါ့ထံသို့လာရောက်ကြ ၏။ ထိုသူတို့ငါ၏ရှေ့တွင်ထိုင်ကြသောအခါ၊-
2. ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုငါ ကြားရ၏။-
3. ကိုယ်တော်က``အချင်းလူသား၊ သင်သည်သူတို့ အား`သင်တို့သည်ငါ၏အလိုတော်ကိုစုံစမ်း မေးမြန်းရန်လာကြသလော။ ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်တို့မေးမြန်းစုံစမ်းမှုမှန်သမျှ ကိုလက်ခံမည်မဟုတ်။ ဤကားငါအရှင် ထာဝရဘုရား၏စကားဖြစ်၏' ဟုမိန့် တော်မူကြောင်းဆင့်ဆိုလော့။
4. ``အချင်းလူသား၊ သင်သည်သူတို့အားစစ် ဆေးစီရင်ရန်အသင့်ရှိပြီလော။ အသင့်ရှိ လျှင်စစ်ဆေးစီရင်လော့။ သူတို့အားမိမိ တို့ဘိုးဘေးများပြုကျင့်ခဲ့သောစက်ဆုပ် ဖွယ်ကောင်းသည့်အမှုတို့ကိုသတိပေးဖော် ပြလော့။-
5. ငါအရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူကြောင်းကိုလည်း ပြောပြလော့။ ဣသရေလ လူမျိုးတို့ကိုငါရွေးကောက်တော်မူ၍ ယာကုပ် ၏အမျိုးအနွယ်တို့အားငါသည်ကတိပေး ကျိန်ဆိုခဲ့၏။ အီဂျစ်ပြည်တွင်ငါသည်သူတို့ အားထင်ရှားလျက် ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ကိုကျိန်ဆိုခဲ့၏။-