3. ``အချင်းလူသား၊ ငါ့အားပုန်ကန်တော်လှန် ကြသောဣသရေလအမျိုးသားတို့ထံသို့ သင့်ကိုငါစေလွှတ်မည်။ သူတို့သည်မိမိတို့ ဘိုးဘေးများကဲ့သို့ယခုတိုင်အောင်ပုန်ကန် လျက်နေကြ၏။-
4. သူတို့သည်ခေါင်းမာ၍ငါ့အားမရိုသေ ကြ။ ငါထာဝရဘုရားအဘယ်သို့အမိန့် တော်ရှိသည်ကို သူတို့အားပြန်ကြားရန် သင့်ကိုသူတို့ထံသို့ငါစေလွှတ်မည်။-
5. သူတို့သည်ပုန်ကန်တတ်သူများဖြစ်သဖြင့် သင်၏စကားကိုနားထောင်သည်ဖြစ်စေ၊ နား မထောင်သည်ဖြစ်စေ၊ မိမိတို့ထဲတွင်ပရော ဖက်တစ်ပါးရှိသည်ကိုမူသိကြလိမ့်မည်။
6. ``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။-
7. သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ငါမိန့်တော်မူသမျှတို့ကိုသူ တို့အားဆင့်ဆိုရမည်။ သူတို့သည်ပုန်ကန် တတ်ကြောင်းကိုသတိရလော့။''
8. ``အချင်းလူသား၊ ငါမိန့်တော်မူသည်ကိုနား ထောင်လော့။ သူတို့ကဲ့သို့မပုန်ကန်နှင့်။ သင်၏ ခံတွင်းကိုဖွင့်၍ငါပေးမည့်အရာကိုစား လော့'' ဟုမိန့်တော်မူ၏။-
9. ထိုနောက်စာလိပ်တစ်ခုကိုကိုင်ထားသော လက်တစ်ဖက်သည်ငါရှိရာသို့ကမ်းလှမ်း လာသည်ကိုငါမြင်ရ၏။-