9. ထိုနောက်သူ့အားသံချိတ်များနှင့်ဆွဲပြီးလှောင်အိမ်တစ်ခုတွင်ထည့်၍ဗာဗုလုန်မင်းထံသို့ ယူဆောင်သွားကြ၏။ဣသရေလတောင်များပေါ်တွင်သူ၏အသံ ကိုနောက်အဘယ်အခါ၌မျှမကြားရစေရန် သူ့အား အစောင့်အကြပ်နှင့်ထောင်ချထား၏။
10. သင့်အမိသည်စမ်းချောင်းအနီးတွင်စိုက်ထား သည့် စပျစ်ပင်နှင့်တူ၏။ရေအလုံအလောက်ရှိသဖြင့်ထိုအပင်သည် အသီးအရွက်များနှင့်ဝေဆာ၍နေ၏။
11. အကိုင်းများသည်သန်မာခိုင်ခံ့သဖြင့် ရာဇလှံတံ အဖြစ်အသုံးဝင်လာလေသည်။စပျစ်ပင်သည်သစ်ပင်အရွက်အလက်များ အထက်ထိအောင်မြင့်မားလာ၏။ထိုအပင်အဘယ်မျှမြင့်မား၍အရွက် အလက်များ ထူထပ်သည်ကိုထင်ရှားစွာမြင်ရကြ၏။
12. သို့ရာတွင်ထိုစပျစ်ပင်သည်အမျက်ထွက်သူတို့လက်ဖြင့်အမြစ်မှဆွဲနုတ်ခြင်းကိုခံရကာ မြေပေါ်သို့လဲကျလေ၏။အရှေ့လေကြောင့်စပျစ်သီးများပိန်ခြောက်ကုန်၏။စပျစ်ကိုင်းတို့သည်လည်းကျိုးပဲ့ခြောက်သွေ့ကာ မီးရှို့ခြင်းကိုခံရကြ၏။
13. ယခုအခါထိုအပင်ကိုခြောက်သွေ့၍ရေမရှိရာအရပ်ဖြစ်သောတောကန္တာရတွင် စိုက်ထားလေသည်။
14. ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့်အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။