1. ဣသရေလမင်းသားတို့အတွက်ငိုချင်း ကိုအောက်ပါအတိုင်းဖွဲ့ဆိုရန် ထာဝရ ဘုရားသည်ငါ့အားအမိန့်ပေးတော်မူ၏။
2. သင့်အမိသည်ခြင်္သေ့မပီသပါပေသည်။သူသည်ငယ်ရွယ်သောခြင်္သေ့ဖိုတို့ကြားတွင်သားငယ်များကိုကြီးပြင်းအောင်ကျွေးမွေး စောင့်ရှောက်၏။
3. သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။
4. လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါတွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။
5. ခြင်္သေ့မသည်မိမိ၏မျှော်လင့်ချက်များမရှိ တော့ဘဲမျှော်မှန်းချက်များကုန်ဆုံးသည်ကို သိမြင်သောအခါအခြားသားငယ်တစ်ကောင်ကိုကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ပြန်၏။ထိုသားငယ်သည်လည်းကြောက်မက်ဖွယ်ကောင်းသောခြင်္သေ့ ဖြစ်လာလေသည်။
6. သူသည်အရွယ်ရောက်၍သန်စွမ်းသောအခါ၊အခြားခြင်္သေ့များနှင့်အတူအစာရှာရန် လှည့်လည်လျက်၊သားကောင်ဖမ်းသည့်အတတ်ကိုသင်ယူ ကာ လူသားစားခြင်္သေ့ဖြစ်လာ၏။
7. သူသည်ခံတပ်များကိုဖြိုချ၍မြို့တို့ကို ဖျက်ဆီးနေ၏။သူဟောက်လိုက်သည့်အခါတိုင်း၊ပြည်သူပြည်သားတို့သည်ကြောက်လန့်တုန်လှုပ် ကြ၏။
8. ထိုအခါအရပ်ရပ်သူ၏ပတ်ဝန်းကျင်မှ လူမျိုးတကာတို့သည်စုရုံးလာကြလျက်၊သူ့အားမုဆိုးပိုက်ကွန်များဖြင့်တွင်းထဲသို့ ထောင်ဖမ်းကြ၏။
9. ထိုနောက်သူ့အားသံချိတ်များနှင့်ဆွဲပြီးလှောင်အိမ်တစ်ခုတွင်ထည့်၍ဗာဗုလုန်မင်းထံသို့ ယူဆောင်သွားကြ၏။ဣသရေလတောင်များပေါ်တွင်သူ၏အသံ ကိုနောက်အဘယ်အခါ၌မျှမကြားရစေရန် သူ့အား အစောင့်အကြပ်နှင့်ထောင်ချထား၏။