8. သို့သော်အရွက်အသီးများဖြင့်လှပဝေ ဆာသောစပျစ်ပင်ဖြစ်လာစေရန် ယင်းကို ရေအလုံအလောက်ရှိသည့်မြေကောင်း မြေသန့်၌စိုက်ပျိုးထားခဲ့ပြီးဖြစ်သည်။
9. ``သို့ဖြစ်၍ဤစပျစ်ပင်သည်ဆက်လက်၍ ရှင်သန်နိုင်မည်လော။ ထိုအပင်ကိုအမြစ်မှ ဆွဲနုတ်ပြီးလျှင် စပျစ်သီးများကိုချွေကာ အကိုင်းသစ်တို့ကိုလည်းချိုး၍ ညှိုးနွမ်း ခြောက်သွေ့သွားစေမည်မဟုတ်လော။ ထို အပင်ကိုနုတ်ပစ်ရန်ခွန်အားများစွာရှိရန် လူအလုံးအရင်းကိုလိုလိမ့်မည်မဟုတ် ဟုငါအရှင်ထာဝရဘုရားမိန့်တော် မူ၏။-
10. ထိုစပျစ်ပင်ကိုရွှေ့ပြောင်း၍စိုက်ပျိုးခဲ့လျှင် ထိုအပင်သည်ဆက်လက်ရှင်သန်နိုင်မည်လော။ ယင်းသည်အရှေ့လေတိုက်ခတ်သောအခါညှိုး နွမ်းခြောက်သွေ့သွားမည်မဟုတ်လော။ ယခု ပေါက်လျက်နေသည့်အရပ်၌ပင်ညှိုးနွမ်း ခြောက်သွေ့သွားမည်မဟုတ်လော'' ဟုမိန့် တော်မူ၏။
11. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာသည်ကား၊-
12. ``ဤပုံဥပမာ၏အနက်အဋ္ဌိပ္ပါယ်ကိုသိကြ သလောဟု ထိုပုန်ကန်တတ်သည့်သူတို့အားမေး မြန်းလော့။ ဗာဗုလုန်မင်းသည်ယေရုရှလင်မြို့ သို့လာ၍ ဘုရင်နှင့်တကွမှူးမတ်အပေါင်းတို့ ကိုဗာဗုလုန်မြို့သို့ခေါ်ဆောင်သွားသည့်အ ကြောင်းကိုသူတို့အားပြောပြလော့။-