ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အားငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုသိရှိကြစေ ရန် စကားထာဝှက်၍ပုံဥပမာတစ်ခုကို ပြောပြလော့။ အခါတစ်ပါးကသန်စွမ်း သောအတောင်ကြီးများနှင့် ရှည်သောအမွေး အတောင်များရှိသည့်လင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ့မှာအရောင်စုံ၍လှပ သောအမွေးအတောင်များရှိ၏။ သူသည် လေဗနုန်တောင်ထိပ်သို့ပျံသန်းပြီးလျှင် အာရစ်ပင်ထိပ်ဖျားတွင်နားလျက်၊-