ယေ​ဇ​ကျေ​လ 17:11-18 Common Language Bible (BCL)

11. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​သည်​ကား၊-

12. ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သိ​ကြ သ​လော​ဟု ထို​ပုန်​ကန်​တတ်​သည့်​သူ​တို့​အား​မေး မြန်း​လော့။ ဗာ​ဗု​လုန်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​လာ​၍ ဘု​ရင်​နှင့်​တ​ကွ​မှူး​မတ်​အ​ပေါင်း​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​သည့်​အ ကြောင်း​ကို​သူ​တို့​အား​ပြော​ပြ​လော့။-

13-14. ထို​နောက်​သူ​သည်​ထို​ဘု​ရင်​၏​ဆွေ​တော်​မျိုး တော်​တစ်​ဦး​ကို​ခေါ်​ယူ​၍ ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ကို​ချုပ်​ဆို​ပြီး​လျှင်​သူ့​အား​ကျမ်း​သစ္စာ ကျိန်​ဆို​စေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​နှိမ့်​ချ​ခံ​ရ လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက်​တစ် ဖန်​မ​ပုန်​ကန်​နိုင်​ကြ​စေ​ရန်​နှင့်၊ ငြိမ်း​ချမ်း​ရေး စာ​ချုပ်​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​အား​ဖြင့် သာ​ရှင်​သန်​နိုင်​ကြ​စေ​ရန် အ​ရေး​ပါ​အ​ရာ ရောက်​သူ​များ​ကို​ဋ္ဌား​စာ​ခံ​အ​ဖြစ်​ဖြင့် ခေါ်​ဆောင်​သွား​၏။-

15. သို့​သော်​လည်း​ယုဒ​ဘု​ရင်​သည်​ပုန်​ကန်​ထ ကြွ​လျက် မြင်း​နှင့်​စစ်​သည်​အ​မြောက်​အ​မြား ကို​စစ်​ကူ​ရ​ရှိ​ရန် အီ​ဂျစ်​ပြည်​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​လေ​သည်။ သူ​၏​အ​ကြံ​ထ မြောက်​သ​လော။ ဘေး​လွတ်​မည်​လော။ ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​ချိုး​ဖောက်​ပြီး​နောက် အ​ပြစ်​ပေး​ခြင်း​ကို​မ​ခံ​ရ​ဘဲ​နေ​မည် လော။

16. အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် နှင့်​အ​ညီ ဤ​မင်း​သည်​မိ​မိ​ကျိန်​ဆို​ထား သည့်​ကျမ်း​သစ္စာ​ကို​မ​လေး​စား​ဘဲ၊ မိ​မိ အား​နန်း​တင်​ခဲ့​သည့်​ဗာ​ဗု​လုန်​မင်း​နှင့် ချုပ်​ဆို​ထား​သည့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ကို​လည်း​ကောင်း ချိုး​ဖောက်​သည့်​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​သေ​ရ​လိမ့်​မည်။-

17. ဗာ​ဗု​လုန်​စစ်​သည်​တို့​သည်​လူ​များ​ကို​သတ် ခြင်း​ငှာ မြေ​က​တုတ်​များ​လုပ်​၍​ကျုံး​မြောင်း များ​တူး​ကြ​သော​အ​ခါ အင်​အား​ကြီး​မား သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​ပင်​လျှင် ယု​ဒ​မင်း​အား​အ​ကူ​အ​ညီ​ပေး​နိုင်​မည် မ​ဟုတ်။-

18. ထို​မင်း​သည်​မိ​မိ​ကျိန်​ဆို​ခဲ့​သည့်​ကျမ်း​သစ္စာ ကို​မ​လေး​စား​ဘဲ၊ မိ​မိ​ချုပ်​ဆို​ခဲ့​သည့်​ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​လည်း​ကောင်း​ချိုး​ဖောက်​၏။ သူ​သည်​က​တိ​သစ္စာ​ကျိန်​ဆို​ပြီး​သော်​လည်း ဤ​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သူ​သည်​ယ​ခု အ​သက်​ချမ်း​သာ​ရာ​ရ​မည်​မ​ဟုတ်'' ဟူ​၍ တည်း။

ယေ​ဇ​ကျေ​လ 17