61. သင်၏အစ်မနှင့်ညီမတို့သည်သင့်ထံသို့ ပြန်လည်ရောက်ရှိလာသောအခါ သင်သည် မိမိပြုကျင့်ခဲ့သည့်အမှုကိုသတိရ၍ ရှက်လိမ့်မည်။ သင်နှင့်ငါဖွဲ့ခဲ့သောပဋိညာဉ် တွင်မပါရှိသော်လည်း ငါသည်သူတို့အား သင်၏သမီးများသဖွယ်ဖြစ်စေမည်။-
62. ငါသည်သင်နှင့်ပဋိညာဉ်ကိုအသစ်တစ်ဖန်ပြန် ၍ဖွဲ့မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိရှိရလိမ့်မည်။-
63. သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။