47. သင်သည်သူတို့၏ခြေရာကိုနင်းလျက်စက် ဆုပ်ဖွယ်ရာအကျင့်များကိုပြုကျင့်ရုံဖြင့် ကျေနပ်ပါသလော။ မကျေနပ်။ အချိန်အနည်း ငယ်အတွင်းသင်သည်သူတို့ပြုသမျှသော အမှုအပေါင်းတို့ထက်ပိုမိုဆိုးရွားသော အမှုကိုပြုကျင့်ခဲ့၏။-
48. အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်၏ညီမသောဒုံမြို့နှင့်သူ့သမီး တို့သည် သင်နှင့်သင့်သမီးများပြုကျင့်ခဲ့ သည့်ဆိုးညစ်မှုမျိုးကိုအဘယ်အခါက မျှမပြုမကျင့်ခဲ့ကြ။-
49. ဤကားသင့်ညီမသောဒုံပြုသောအမှုဖြစ် သည်။ သူတို့သည်မာနကြီးလျက်အစာရေ စာအဝလွန်၍ မည်သူ့ကိုမျှဂရုမစိုက်ဘဲ ဆင်းရဲသူများနှင့် အခွင့်အရေးနိမ့်သူလူ တန်းစားတို့အား ကူညီစောင့်ရှောက်မှုကို မပြုကြ။-
50. သူတို့သည်မာနကြီး၍ငါမုန်းသည့်အမှု တို့ကိုပြုကြ၏။ သို့ဖြစ်၍သင်ကောင်းစွာ သိသည်အတိုင်း ငါသည်သူတို့အားပျက်စီး စေ၏။
51. ``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။-
52. ယခုသင်သည်မိမိအရှက်ကွဲမှုကိုခံစား ရမည်။ သင့်ညီအစ်မများအတွက် တရားမျှ တမှုအချို့ဆောင်ရွက်ခဲ့ပြီ။ သင်၏အပြစ် များသည်သင့်ညီအစ်မတို့၏အပြစ်များ ထက် လွန်စွာပို၍ဆိုးရွားသဖြင့် သူတို့သည် သင်နှင့်စာသော်အပြစ်မဲ့သူများကဲ့သို့ ဖြစ်ကြ၏။ ယင်းသို့မိမိ၏ညီအစ်မတို့အား အပြစ်မဲ့သူများကဲ့သို့ထင်မှတ်စေသော ကြောင့် သင်သည်မိမိအရှက်ကွဲမှုကိုခံစား လော့'' ဟုမိန့်တော်မူ၏။
53. ``သောဒုံမြို့နှင့်ထိုမြို့၏သမီးများနှင့် ရှမာ ရိမြို့နှင့်ထိုမြို့၏သမီးများကိုငါသည် တစ်ဖန်ပြန်လည်စည်ကားစေမည်။ သင့်ကို လည်းပြန်လည်စည်ကားလာစေမည်။-
54. သင်သည်မိမိကိုယ်ကိုရှက်လိမ့်မည်။ သင်၏ အသရေပျက်မှုသည်သင့်ညီအစ်မတို့အား မိမိတို့အဘယ်မျှကောင်းစားလာကြောင်း ထင်ပေါ်စေလိမ့်မည်။-
55. သင်၏ညီအစ်မများဖြစ်သောသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့်သူ၏သမီး များတို့သည် တစ်ဖန်ပြန်လည်စည်ကားလာ ကြလိမ့်မည်။ သင်နှင့်သင့်သမီးများသည် လည်းပြန်လည်ထူထောင်လာလိမ့်မည်။-
56-57. မိမိ၏ဆိုးညစ်မှုများကိုလူမသိမီမာန် မာနထောင်လွှားနေစဉ်အခါက သင်သည် သင်၏ညီမသောဒုံမြို့၏နာမည်ကိုဖော်ပြ ခြင်းမပြုခဲ့ ယခုအခါ၌သင်ကိုယ်တိုင် သည်ဧဒုံသမီးပျိုနှင့်အိမ်နီးချင်းများ၊ ဖိလိတ္တိသမီးပျိုနှင့်အိမ်နီးချင်းများနှင့် သင့်ကိုမုန်းသောသူတို့ပြက်ရယ်ပြုစရာ ဖြစ်လေပြီ။-
58. သင်သည်မိမိပြုခဲ့သည့်ညစ်ညမ်းစက်ဆုပ် ရွံရှာဖွယ်ကောင်းသည့်အမှုများ၏အကျိုး ဆက်ကိုခံရမည်'' ဟုမိန့်တော်မူ၏။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
59. အရှင်ထာဝရဘုရားက``သင်သည်သင်၏ ကတိသစ္စာတို့ကိုပမာဏမပြု၊ ပဋိညာဉ် ကိုလည်းချိုးဖောက်သဖြင့် သင်ခံထိုက်သည့် အပြစ်ကိုငါပေးမည်။-
60. သို့ရာတွင်သင်ငယ်စဉ်အခါကငါပြုခဲ့သည့် ပဋိညာဉ်ကိုပြန်လည်သတိရ၍ သင်နှင့်ထာဝ စဉ်တည်မြဲသည့်ပဋိညာဉ်ကိုငါဖွဲ့ဦးမည်။-