ယေ​ဇ​ကျေ​လ 16:41-56-57 Common Language Bible (BCL)

41. သူ​တို့​သည်​သင်​၏​အိမ်​များ​ကို​မီး​ရှို့​ကြ ပြီး​လျှင် သင်​အ​ပြစ်​ဒဏ်​ခံ​ရ​ပုံ​ကို​မြောက် မြား​စွာ​သော​အ​မျိုး​သ​မီး​တို့​အား​ပြ​ကြ လိမ့်​မည်။ သင်​၏​ပြည့်​တန်​ဆာ​အ​လုပ်​နှင့် ချစ်​သူ​တို့​အား လက်​ဆောင်​ပေး​ကမ်း​မှု​ကို ငါ​ရပ်​စဲ​စေ​မည်။-

42. ထို​နောက်​ငါ​သည်​အ​မျက်​ပြေ​၍​တည်​ငြိမ် လိမ့်​မည်။ နောက်​တစ်​ဖန်​အ​မျက်​ထွက်​တော့​မည် မ​ဟုတ်။ မ​နာ​လို​စိတ်​လည်း​ရှိ​တော့​မည်​မ​ဟုတ်။-

43. ငယ်​စဉ်​အ​ခါ​က​သင့်​အ​ကြောင်း​ကို သင်​သည် မေ့​ပျောက်​ကာ​ဆိုး​ညစ်​မှု​အ​ပေါင်း​ကို​ပြု​၍ ငါ ၏​အ​မျက်​ကို​နှိုး​ဆော်​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​မှု အ​ရာ​များ​အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး ရ​၏။ သင်​သည်​အ​ကျင့်​ပျက်​ပြား​မှု​အ​ပြင် အ​ခြား​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​အ​မှု​များ ကို အ​ဘယ်​ကြောင့်​ထပ်​လောင်း​၍​ပြု​သ​နည်း'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

44. ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့၊ လူ တို့​သည်​သင်​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍`အ​မိ စ​ရိုက်​သ​မီး​လိုက်' ဟူ​သော​စ​ကား​ပုံ​ကို သုံး​စွဲ​ကြ​လိမ့်​မည်။-

45. သင်​သည်​အ​မှန်​ပင်​အ​မေ့​သ​မီး​ပီ​သ​ပါ​ပေ သည်။ သင်​၏​မိ​ခင်​သည်​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​ကို​ရွံ​မုန်း​သူ​ဖြစ်​၏။ သင်​နှင့်​သင့်​ညီ​အစ်​မ တို့​သည်​တူ​ညီ​၍၊ သူ​တို့​သည်​မိ​မိ​ခင်​ပွန်း​နှင့် သား​သ​မီး​တို့​ကို​ရွံ​မုန်း​ကြ​၏။ သင်​၏​မိ​ခင် သည်​ဟိတ္တိ​အ​မျိုး​သ​မီး​ဖြစ်​၍​ဖ​ခင်​မှာ အာ​မော​ရိ​အ​မျိုး​သား ဖြစ်​၏။

46. ``သင်​၏​အစ်​မ​သည်​မိ​မိ​၏​သ​မီး​များ​နှင့် တ​ကွ နေ​ထိုင်​လျက်​ရှိ​သည့်​မြောက်​အ​ရပ်​တွင် ရှိ​သော​ရှ​မာ​ရိ​မြို့​ဖြစ်​၏။ သင့်​ညီ​မ​ကား မိ​မိ​၏​သ​မီး​များ​နှင့်​တ​ကွ​နေ​ထိုင်​လျက် ရှိ​သော​တောင်​အ​ရပ်​တွင်​ရှိ​သည့်​သော​ဒုံ​မြို့ ဖြစ်​၏။-

47. သင်​သည်​သူ​တို့​၏​ခြေ​ရာ​ကို​နင်း​လျက်​စက် ဆုပ်​ဖွယ်​ရာ​အ​ကျင့်​များ​ကို​ပြု​ကျင့်​ရုံ​ဖြင့် ကျေ​နပ်​ပါ​သ​လော။ မ​ကျေ​နပ်။ အ​ချိန်​အ​နည်း ငယ်​အ​တွင်း​သင်​သည်​သူ​တို့​ပြု​သ​မျှ​သော အ​မှု​အ​ပေါင်း​တို့​ထက်​ပို​မို​ဆိုး​ရွား​သော အ​မှု​ကို​ပြု​ကျင့်​ခဲ့​၏။-

48. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​၏​ညီ​မ​သော​ဒုံ​မြို့​နှင့်​သူ့​သ​မီး တို့​သည် သင်​နှင့်​သင့်​သ​မီး​များ​ပြု​ကျင့်​ခဲ့ သည့်​ဆိုး​ညစ်​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြု​မ​ကျင့်​ခဲ့​ကြ။-

49. ဤ​ကား​သင့်​ညီ​မ​သော​ဒုံ​ပြု​သော​အ​မှု​ဖြစ် သည်။ သူ​တို့​သည်​မာ​န​ကြီး​လျက်​အ​စာ​ရေ စာ​အ​ဝ​လွန်​၍ မည်​သူ့​ကို​မျှ​ဂ​ရု​မ​စိုက်​ဘဲ ဆင်း​ရဲ​သူ​များ​နှင့် အ​ခွင့်​အ​ရေး​နိမ့်​သူ​လူ တန်း​စား​တို့​အား ကူ​ညီ​စောင့်​ရှောက်​မှု​ကို မ​ပြု​ကြ။-

50. သူ​တို့​သည်​မာ​န​ကြီး​၍​ငါ​မုန်း​သည့်​အ​မှု တို့​ကို​ပြု​ကြ​၏။ သို့​ဖြစ်​၍​သင်​ကောင်း​စွာ သိ​သည်​အ​တိုင်း ငါ​သည်​သူ​တို့​အား​ပျက်​စီး စေ​၏။

51. ``ရှ​မာ​ရိ​မြို့​သည်​သင်​ပြု​ခဲ့​သည့်​ဒု​စ​ရိုက်​၏ ထက်​ဝက်​ကို​ပင်​မ​ပြု။ သင်​သည်​သူ​ပြု​သ​မျှ သော​အ​မှု​အ​ပေါင်း​တို့​ထက် ပို​၍​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​မှု​ကို​ပြု​လေ​ပြီ။ သင်​သည်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​လှ​သ​ဖြင့် သင့်​ညီ​အစ်​မ တို့​ကား​သင်​နှင့်​စာ​သော်​အပြစ်​မဲ့​သူ​များ​ဟု ပင်​ထင်​မှတ်​ရ​၏။-

52. ယ​ခု​သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား ရ​မည်။ သင့်​ညီ​အစ်​မ​များ​အ​တွက် တ​ရား​မျှ တ​မှု​အ​ချို့​ဆောင်​ရွက်​ခဲ့​ပြီ။ သင်​၏​အ​ပြစ် များ​သည်​သင့်​ညီ​အစ်​မ​တို့​၏​အ​ပြစ်​များ ထက် လွန်​စွာ​ပို​၍​ဆိုး​ရွား​သ​ဖြင့် သူ​တို့​သည် သင်​နှင့်​စာ​သော်​အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​၏။ ယင်း​သို့​မိ​မိ​၏​ညီ​အစ်​မ​တို့​အား အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့​ထင်​မှတ်​စေ​သော ကြောင့် သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား လော့'' ဟု​မိန့်​တော်​မူ​၏။

53. ``သော​ဒုံ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​နှင့် ရှ​မာ ရိ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​ကို​ငါ​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​စေ​မည်။ သင့်​ကို လည်း​ပြန်​လည်​စည်​ကား​လာ​စေ​မည်။-

54. သင်​သည်​မိ​မိ​ကိုယ်​ကို​ရှက်​လိမ့်​မည်။ သင်​၏ အ​သ​ရေ​ပျက်​မှု​သည်​သင့်​ညီ​အစ်​မ​တို့​အား မိ​မိ​တို့​အ​ဘယ်​မျှ​ကောင်း​စား​လာ​ကြောင်း ထင်​ပေါ်​စေ​လိမ့်​မည်။-

55. သင်​၏​ညီ​အစ်​မ​များ​ဖြစ်​သော​သော​ဒုံ​နှင့် သူ​၏​သ​မီး​များ၊ ရှ​မာ​ရိ​နှင့်​သူ​၏​သ​မီး များ​တို့​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​လာ ကြ​လိမ့်​မည်။ သင်​နှင့်​သင့်​သ​မီး​များ​သည် လည်း​ပြန်​လည်​ထူ​ထောင်​လာ​လိမ့်​မည်။-

56-57. မိ​မိ​၏​ဆိုး​ညစ်​မှု​များ​ကို​လူ​မ​သိ​မီ​မာန် မာ​န​ထောင်​လွှား​နေ​စဉ်​အ​ခါ​က သင်​သည် သင်​၏​ညီ​မ​သော​ဒုံ​မြို့​၏​နာ​မည်​ကို​ဖော်​ပြ ခြင်း​မ​ပြု​ခဲ့ ယ​ခု​အ​ခါ​၌​သင်​ကိုယ်​တိုင် သည်​ဧ​ဒုံ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ၊ ဖိ​လိတ္တိ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ​နှင့် သင့်​ကို​မုန်း​သော​သူ​တို့​ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လေ​ပြီ။-

ယေ​ဇ​ကျေ​လ 16