29. သို့ဖြစ်၍သင်သည်ကုန်သည်နိုင်ငံဖြစ်သည့် ဗာဗုလုန်ပြည်မှအမျိုးသားတို့နှင့်လည်း မှားယွင်းပြန်၏။ သို့ရာတွင်သင်၏အလို မပြည့်နိုင်သေး'' ဟုမိန့်တော်မူ၏။
30. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``သင် သည်စိတ်အလွန်ပျော့၍ အရှက်မရှိသည့် ပြည့်တန်ဆာကဲ့သို့ဤအမှုအရာတို့ကို ပြု၏။-
31. သင်သည်လမ်းထိပ်တိုင်း၌သင်ကိုးကွယ်ရန် တောင်ကုန်းများကိုဆောက်၍ စျေးရပ်ကွက် တိုင်း၌မြင့်သောကိုးကွယ်ရာဌာနများ ကိုတည်ဆောက်သောအခါ ပြည့်တန်ဆာ အလုပ်ကိုလုပ်သော်လည်းသာမန်ပြည့် တန်ဆာများကဲ့သို့အခကြေးငွေကို မတောင်း။-
32. သင်သည်ကားမိမိ၏ခင်ပွန်းကိုချစ်မြတ် နိုးမည့်အစား သူစိမ်းတစ်ရံဆံများနှင့် မေထုန်မှီဝဲလိုသည့်မိန်းမနှင့်တူ၏။-
33. ပြည့်တန်ဆာအားအခကြေးငွေပေးရ၏။ သင်မူကားချစ်သူတို့ကိုအရပ်တကာမှ လာ၍ သင်နှင့်အိပ်စက်ကြစေရန်လက်ဆောင် များကိုပေးလေသည်။-
34. သင်သည်ထူးခြားသောပြည့်တန်ဆာဖြစ်၏။ အဘယ်သူမျှသင့်အားအခကြေးငွေပေး၍ ပြည့်တန်ဆာလုပ်စေသည်မဟုတ်။ သင်သည် အခကြေးငွေလည်းမရ။ သင်ကသာလျှင် ပေး၏။ သင်သည်အကယ်ပင်ထူးပါပေ သည်'' ဟူ၍တည်း။
35. သို့ဖြစ်၍အချင်းပြည့်တန်ဆာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။