19. ငါသည်သင်စားရန်အကောင်းဆုံးမုန့်ညက်၊ သံလွင်ဆီနှင့်ပျားရည်တည်းဟူသောအစား အစာများကိုပေး၏။ သို့ရာတွင်သင်သည် ရုပ်တုများထံမှမျက်နှာရစေရန် ထိုအစား အစာများကိုသူတို့အားအမွှေးရနံ့အဖြစ် ဆက်သပူဇော်၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကားပင် တည်း။
20. ``ထိုနောက်သင်သည်ငါနှင့်ရသောသားသမီး များကိုယူ၍ ယဇ်ကောင်အဖြစ်ဖြင့်ရုပ်တုတို့ အားပူဇော်၏။ သင်သည်ငါ့အားသစ္စာဖောက် ရုံမျှဖြင့်မကျေနပ်ဘဲ၊-
21. အဘယ်ကြောင့်ငါ၏သားသမီးများကို ယူ၍ရုပ်တုတို့အားယဇ်ပူဇော်ရသနည်း။-
22. သင်ငယ်စဉ်ကအဝတ်အချည်းစည်းနှင့် သွေးထဲတွင်လူးနေခဲ့သည့်အဖြစ်သနစ် ကို သင်သည်စက်ဆုပ်ဖွယ်ကောင်းသည့်လုပ် ရပ်များနှင့် ပြည့်တန်ဆာဘဝတွင်ကျင် လည်စဉ်တစ်ကြိမ်တစ်ခါမျှသတိမရ ခဲ့သလော'' ဟူ၍တည်း။
23. အရှင်ထာဝရဘုရားက``သင်သည်အမင်္ဂ လာရှိ၏။ အမင်္ဂလာရှိ၏။ သင်သည်ထိုမ ကောင်းမှုများကိုပြုကျင့်ပြီးနောက်၊-
24. စျေးရပ်ကွက်တိုင်းတွင်သင့်အတွက်သင် ကိုးကွယ်ရန် တောင်ကုန်းနှင့် ရုပ်တုကိုးကွယ် ရာဌာနများကိုပြုလုပ်၏။-
25. လမ်းထိပ်တိုင်းတွင်မြင့်သောဝတ်ပြုကိုးကွယ် ရာဌာနများဆောက်၍ မိမိ၏လှပသော အဆင်းကိုစက်ဆုပ်ဖွယ်ကောင်းအောင်ပြု လေပြီ။ လာရောက်သူတိုင်းအားမိမိ၏ ကိုယ်ကိုအပ်ပေး၍ တစ်နေ့တစ်ခြားပြည့် တန်ဆာဖြစ်သည်ထက်ဖြစ်စေ၏။-