ယေ​ဇ​ကျေ​လ 16:18-28 Common Language Bible (BCL)

18. သင်​သည်​ငါ​ပေး​သည့်​ပန်း​ထိုး​ထည်​များ ဖြင့်​ရုပ်​တု​များ​ကို​လွှမ်း​ခြုံ​ပေး​၏။ ယင်း တို့​ကို​ငါ​ပေး​သည့်​သံ​လွင်​ဆီ​နှင့်​နံ့​သာ ပေါင်း​တို့​ဖြင့်​ပူ​ဇော်​၏။-

19. ငါ​သည်​သင်​စား​ရန်​အ​ကောင်း​ဆုံး​မုန့်​ညက်၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​တည်း​ဟူ​သော​အ​စား အ​စာ​များ​ကို​ပေး​၏။ သို့​ရာ​တွင်​သင်​သည် ရုပ်​တု​များ​ထံ​မှ​မျက်​နှာ​ရ​စေ​ရန် ထို​အ​စား အ​စာ​များ​ကို​သူ​တို့​အား​အ​မွှေး​ရ​နံ့​အ​ဖြစ် ဆက်​သ​ပူ​ဇော်​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင် တည်း။

20. ``ထို​နောက်​သင်​သည်​ငါ​နှင့်​ရ​သော​သား​သ​မီး များ​ကို​ယူ​၍ ယဇ်​ကောင်​အ​ဖြစ်​ဖြင့်​ရုပ်​တု​တို့ အား​ပူ​ဇော်​၏။ သင်​သည်​ငါ့​အား​သစ္စာ​ဖောက် ရုံ​မျှ​ဖြင့်​မ​ကျေ​နပ်​ဘဲ၊-

21. အ​ဘယ်​ကြောင့်​ငါ​၏​သား​သ​မီး​များ​ကို ယူ​၍​ရုပ်​တု​တို့​အား​ယဇ်​ပူ​ဇော်​ရ​သ​နည်း။-

22. သင်​ငယ်​စဉ်​က​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွေး​ထဲ​တွင်​လူး​နေ​ခဲ့​သည့်​အ​ဖြစ်​သ​နစ် ကို သင်​သည်​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​လုပ် ရပ်​များ​နှင့် ပြည့်​တန်​ဆာ​ဘ​ဝ​တွင်​ကျင် လည်​စဉ်​တစ်​ကြိမ်​တစ်​ခါ​မျှ​သ​တိ​မ​ရ ခဲ့​သ​လော'' ဟူ​၍​တည်း။

23. အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​မင်္ဂ လာ​ရှိ​၏။ အ​မင်္ဂ​လာ​ရှိ​၏။ သင်​သည်​ထို​မ ကောင်း​မှု​များ​ကို​ပြု​ကျင့်​ပြီး​နောက်၊-

24. စျေး​ရပ်​ကွက်​တိုင်း​တွင်​သင့်​အ​တွက်​သင် ကိုး​ကွယ်​ရန် တောင်​ကုန်း​နှင့် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​ပြု​လုပ်​၏။-

25. လမ်း​ထိပ်​တိုင်း​တွင်​မြင့်​သော​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​များ​ဆောက်​၍ မိ​မိ​၏​လှ​ပ​သော အ​ဆင်း​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​အောင်​ပြု လေ​ပြီ။ လာ​ရောက်​သူ​တိုင်း​အား​မိ​မိ​၏ ကိုယ်​ကို​အပ်​ပေး​၍ တစ်​နေ့​တစ်​ခြား​ပြည့် တန်​ဆာ​ဖြစ်​သည်​ထက်​ဖြစ်​စေ​၏။-

26. တ​ဏှာ​ကြီး​သူ​အိမ်​နီး​ချင်း​အီ​ဂျစ်​အ​မျိုး သား​တို့​အား မိ​မိ​နှင့်​အ​တူ​အိပ်​စက်​ခွင့်​ပေး ၍​ပြည့်​တန်​ဆာ​လုပ်​ခြင်း​အား​ဖြင့်​ငါ​၏ အ​မျက်​တော်​ကို​နှိုး​ဆော်​တော်​မူ​၏။

27. ``ယ​ခု​ငါ​သည်​သင့်​အား​ဒဏ်​ပေး​ရန်​နှင့် သင် ၏​နယ်​မြေ​ကို​ရုပ်​သိမ်း​ရန်​လက်​ရုံး​တော်​ကို ဆန့်​ပြီ။ ငါ​သည်​သင့်​ကို​လော​ဘ​ကြီး​၍ သင် ၏​အ​ကျင့်​ဆိုး​များ​ကို​စက်​ဆုပ်​သူ​ဖိ​လိတ္တိ သ​မီး​ပျို​တို့​၏​လက်​သို့​သင့်​အား​ပေး​အပ် လိုက်​လေ​ပြီ။

28. ``အ​လို​မ​ပြည့်​နိုင်​သ​ဖြင့်​သင်​သည်​အာ​ရှု​ရိ အ​မျိုး​သား​တို့​နှင့်​မှား​ယွင်း​ပြန်​၏။ သို့​ရာ တွင်​သင်​၏​အ​လို​မ​ပြည့်​နိုင်​သေး။-

ယေ​ဇ​ကျေ​လ 16