12. နှာခေါင်းအတွက်နှာဆွဲများ၊ နားအတွက် နားတောင်းများနှင့်သင်ဆောင်းရန် လှပ သောသရဖူကိုလည်းကောင်းငါပေး၏။-
13. သင်သည်ရွှေ၊ ငွေ၊ တန်ဆာများကိုဆင်ယင် ကာပိတ်ချောထည်ပန်းထိုးထည်နှင့် အဖိုး တန်အဝတ်အစားများကိုအစဉ်ပင်ဝတ် ဆင်ရ၏။ သင်သည်အကောင်းဆုံးမုန့်ညက် ဖြင့်လုပ်သောမုန့်ပျားရည်နှင့် သံလွင်ဆီကို စားသုံးရ၏။ သင်၏အဆင်းသည်ဖိတ်ဖိတ် တောက်လှပသဖြင့်သင်သည်မိဖုရား ဖြစ်လာ၏။-
14. ငါသည်သင့်အားအလွန်လှပအောင်ပြု လုပ်ဆင်မြန်းပေးသဖြင့် သင်သည်ခြောက် ပြစ်ကင်းသောအဆင်းကိုဆောင်၏။ ယင်း သို့သင်၏အဆင်းလှမှုသည်အတိုင်းတိုင်း အပြည်ပြည်သို့ကျော်ကြားလေ၏'' ဟူ ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
15. ``သို့ရာတွင်သင်သည်မိမိ၏အဆင်းလှ မှုနှင့်ထင်ပေါ်ကျော်ကြားမှုတို့ကိုအခွင့် ကောင်းယူကာ ပြည့်တန်ဆာဖြစ်လာ၏။ သင် ၏ထံသို့ရောက်ရှိလာသူမှန်သမျှနှင့် အိပ်စက်၏။ သင်၏အလှကိုပေးအပ်၏။-
16. သင်၏အဝတ်အစားအချို့ဖြင့်သင်သည် မိမိဝတ်ပြုရာဌာနများကိုမွမ်းမံပစ် ကာပြည့်တန်ဆာပြု၍ မိမိ၏ကိုယ်ကို လူအပေါင်းတို့အားအပ်နှံလေသည်။ ထို သို့သောအဖြစ်အပျက်မျိုးမဖြစ်သင့် ပေ၊ သို့တည်းမဟုတ်မပေါ်ပေါက်သင့်ပေ။-
17. သင်သည်ငါပေးသည့် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာအချို့ကိုလည်းယူ၍ ယောကျာ်း ရုပ်ပွားများပြုလုပ်ပြီးလျှင်ယင်းတို့ နှင့်မှားယွင်း၏။-
18. သင်သည်ငါပေးသည့်ပန်းထိုးထည်များ ဖြင့်ရုပ်တုများကိုလွှမ်းခြုံပေး၏။ ယင်း တို့ကိုငါပေးသည့်သံလွင်ဆီနှင့်နံ့သာ ပေါင်းတို့ဖြင့်ပူဇော်၏။-