ယေ​ဇ​ကျေ​လ 14:18-21 Common Language Bible (BCL)

18. ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ ထို သူ​သုံး​ဦး​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင် လျက်​ပင်​ရှိ​နေ​စေ​ကာ​မူ သူ​တို့​သည်​မိ​မိ တို့​၏​သား​သ​မီး​များ​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​အ​သက်​သာ လျှင်​ချမ်း​သာ​ရာ​ရ​နိုင်​ကြ​လိမ့်​မည်။''

19. ``ငါ​သည်​ထို​ပြည်​အား အ​နာ​ရော​ဂါ​ကပ် ဆိုက်​စေ​လျက်​အ​မျက်​တော်​အား​ဖြင့် မြောက် မြား​စွာ​ရှိ​သော​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​သေ ကြေ​ပျက်​စီး​စေ​လျှင်၊-

20. ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ နော​ဧ၊ ဒံ​ယေ​လ​နှင့်​ယော​ဘ​တို့​သည်​ထို အ​ရပ်​တွင်​နေ​ထိုင်​လျက်​ပင်​ရှိ​ကြ​စေ​ကာ မူ သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ ကို​ကယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့ အ​သက်​ကို​သာ​လျှင်​ချမ်း​သာ​ရာ​ရ​စေ နိုင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

21. အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို​ဖျက် ဆီး​ပစ်​ရန်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သား​ရဲ​တိရစ္ဆာန်​တို့​၏​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​တည်း​ဟူ​သော​အ​ဆိုး ရွား​ဆုံး​သော​ဘေး​ကြီး​လေး​ပါး​ကို​ယေ​ရု ရှ​လင်​မြို့​ပေါ်​သို့​သက်​ရောက်​စေ​မည်။-

ယေ​ဇ​ကျေ​လ 14