1. ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍ ရှေ့တော်တွင်ထိုင် ကြ၏။-
2. ထိုအခါထာဝရဘုရား၏နှုတ်ကပတ် တော်သည် ငါ့အားမိန့်ကြားတော်မူ၏။-
3. ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
4. ``သူတို့အားငါအရှင်ထာဝရဘုရား အ ဘယ်သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ကိုယ်တော်ကဣသရေလအမျိုးသားတိုင်း သည်ရုပ်တုများကိုစိတ်စွဲလမ်း၍ မိမိတို့ ရှေ့တွင်ကောက်ကျစ်သောထိမိ၍လဲစရာ ကိုချထားပြီးမှ ပရောဖက်ထံသို့ချဉ်း ကပ်၍မေးမြန်းစုံစမ်းမှုကိုပြု၏။ ထိုသူ အားငါထာဝရဘုရားဖြေကြားမည်။ ထိုအဖြေကား ထိုသူကိုးကွယ်သည့်ရုပ် တုများရထိုက်သောအဖြေဖြစ်သည်။-