3. အရှင်ထာဝရဘုရားက``ဤပရောဖက်မိုက် တို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်ငါ ၏ဝိညာဉ်တော်နှိုးဆော်ခြင်းကိုမခံရဘဲ မိမိတို့ကိုယ်တိုင်ဗျာဒိတ်ရူပါရုံများ ကိုလုပ်ကြံဟောပြောကြ၏။-
4. ဣသရေလအမျိုးသားတို့၊ သင်တို့၏ပရော ဖက်များသည် ယိုယွင်းပျက်စီးနေသောမြို့ရှိ ခွေးအများနှင့်တူကြ၏။-
5. ထိုပရောဖက်တို့သည်မြို့ရိုးများပြိုကျ လျက်ရှိသည့်နေရာများကိုမစောင့်ကြပ်။ မြို့ရိုးတို့ကိုလည်းပြန်လည်၍မပြုပြင်။ သို့ဖြစ်၍ထာဝရဘုရား၏နေ့ရက်၌ စစ် ပွဲဝင်သောအခါဣသရေလနိုင်ငံကိုကာ ကွယ်နိုင်ကြလိမ့်မည်မဟုတ်။-
6. သူတို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သူတို့ကြိုတင်ဟောကြားချက် များသည်လည်းမုသားစကားများဖြစ်၏။ ထာဝရဘုရား၏ဗျာဒိတ်တော်ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုဗျာဒိတ်ကိုငါမပေး ခဲ့။ သို့ပါလျက်သူတို့သည်ဟောကြားသည့် အတိုင်းဖြစ်ပျက်လိမ့်မည်ဟုစောင့်စားကြ ပါသည်တကား။-
7. သူတို့အားဤသို့ဆင့်ဆိုလော့။ သင်တို့၏ ဗျာဒိတ်ရူပါရုံများသည်အတုဖြစ်၍ သင် တို့ကြိုတင်ဟောကြားချက်များသည်လည်း မုသားစကားများဖြစ်၏။ သင်တို့ကထို စကားများသည် ငါ၏ဗျာဒိတ်တော်ဖြစ် သည်ဟုဆိုသော်လည်း ငါသည်ထိုဗျာဒိတ် ကိုသင်တို့အားမပေးခဲ့'' ဟုမိန့်တော် မူ၏။
8. ထို့ကြောင့်သူတို့အားထာဝရအရှင်ဘုရားသခင်မိန့်တော်မူသည်ကား``သင်တို့မြင်သော အရာများသည်မဟုတ်မမှန်။ သင်တို့၏ဗျာ ဒိတ်ရူပါရုံများသည်လည်းလီဆယ်မှုများ သာဖြစ်သဖြင့် ငါသည်သင်တို့အားဆန့်ကျင် ဘက်ပြုလျက်ရှိ၏ဟု ငါအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
9. ဗျာဒိတ်ရူပါရုံအတုများကိုမြင်၍မှား ယွင်းသောကြိုတင်ဟောပြောမှုကိုပြုကြ ၏။ အသင်ပရောဖက်တို့အားငါဒဏ်ခတ် တော်မူအံ့။ သင်တို့သည်ငါ၏လူမျိုးတော် တိုင်ပင်စည်းဝေးရာသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဣသရေလနိုင်ငံသားတို့၏စာရင်း တွင်လည်းသင်တို့၏နာမည်များကိုမသွင်း ရ။ သင်တို့သည်မိမိတို့ပြည်သို့အဘယ် အခါ၌မျှမပြန်ရ။ ထိုအခါငါသည် အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''