ယေ​ဇ​ကျေ​လ 13:18-21 Common Language Bible (BCL)

18. ထို​နောက်​သူ​တို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ရ​မည်​မှာ``အ​ချင်း​အ​မျိုး​သ​မီး​တို့​သင်​တို့​သည်​အ မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ခြား​လူ တို့​ကို​ထောင်​ချောက်​ကဲ့​သို့​ချုပ်​ကိုင်​နိုင်​သော တန်​ခိုး​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​တိုင်း​အား​သင် တို့​သည်​မှော်​အ​တတ်​စီ​ရင်​ထား​သည့်​လက် ပတ်​များ​နှင့် ခေါင်း​စည်း​ပု​ဝါ​များ​ကို​ချုပ် လုပ်​တပ်​ဆင်​ပေး​ကြ​၏။ သင်​တို့​သည်​မိ​မိ တို့​ကိုယ်​ကျိုး​အ​တွက် ငါ​၏​လူ​စု​တော် အ​ပေါ်​သေ​မှု​ရှင်​မှု​တန်​ခိုး​ကို​ရ​လို ကြ​၏။-

19. မု​ယော​ဆန်​လက်​ဆုပ်​အ​နည်း​ငယ်​နှင့်​မုန့် အ​နည်း​ငယ်​ရ​ရန်​အ​တွက် ငါ​၏​လူ​မျိုး တော်​ရှေ့​တွင်​ငါ့​အား​ရှုတ်​ချ​ကြ​၏။ သင် တို့​သည်​မ​သေ​ထိုက်​သူ​တို့​ကို​သတ်​၍ သေ ထိုက်​သူ​တို့​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ကြ ၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​လူ​မျိုး တော်​အား​လိမ်​လည်​ပြော​ကြ​၏။ သူ​တို့ က​လည်း​ယုံ​ကြ​၏'' ဟူ​၍​တည်း။

20. အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငှက်​ကို​ဖမ်း​သ​ကဲ့​သို့၊ လူ​တို့​အား ထောင်​ချောက်​ကဲ့​သို့​ထိန်း​ချုပ်​ရန် သင်​အ​သုံး ပြု​သည့်​လက်​ပတ်​များ​ကို​ငါ​မုန်း​၏။ သင် ၏​လက်​မှ​လက်​ပတ်​များ​ကို​ဆွဲ​ဖြတ်​ကာ ငှက်​များ​ကဲ့​သို့​ထိန်း​ချုပ်​ခံ​ထား​ရ​သူ တို့​အား​သင်​၏​လက်​မှ​ငါ​လွတ်​မြောက် စေ​မည်။-

21. သင်​၏​ခေါင်း​စည်း​ပု​ဝါ​များ​ကို​ဆွဲ​ဖြတ် ၍ ငါ​၏​လူ​မျိုး​တော်​အား​သင့်​လက်​မှ အ​ပြီး​အ​ပိုင်​လွတ်​မြောက်​စေ​မည်။ ထို အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​သိ​ရှိ​လိမ့်​မည်။

ယေ​ဇ​ကျေ​လ 13