10. ``ပရောဖက်တို့သည်`အမှုခပ်သိမ်းအေးငြိမ်း ပါသည်' ဟုဆို၍ငါ့လူမျိုးတော်အားလှည့် စားခဲ့ကြ၏။ အမှုခပ်သိမ်းမှာမအေးမ ငြိမ်းသေးပါတကား။ ငါ၏လူမျိုးတော် သည်သရွတ်မကိုင်သည့်ကျောက်မြို့ရိုးကို တည်ဆောက်၍ပရောဖက်တို့ကလာ၍ထုံး သုတ်ပေးကြ၏။-
11. ထိုမြို့ရိုးသည်ပြိုကျရလိမ့်မည်ဖြစ်ကြောင်း ထိုမြို့ရိုးကိုထုံးသုတ်သူတို့အားဆင့်ဆို လော့။ ငါသည်မိုးသည်းထန်စွာရွာသွန်းစေ မည်။ မိုးသီးများသည်မြို့ရိုးပေါ်သို့ကျ လျက်လေပြင်းမုန်တိုင်းတိုက်ခတ်လာ သဖြင့်၊-
12. ထိုမြို့ရိုးသည်ပြိုကျလိမ့်မည်။ သို့ဖြစ်၍ သင်တို့ထုံးသုတ်ခဲ့သည့်အကျိုးကားအ ဘယ်မှာနည်းဟု လူတိုင်းပင်မေးမြန်းကြ လိမ့်မည်'' ဟူ၍ဖြစ်၏။
13. အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်အမျက်ထွက်၍ထိုမြို့ရိုး ကိုဖြိုရန်လေပြင်းမုန်တိုင်းကိုတိုက်စေမည်။ ဒေါသထွက်၍မိုးသည်းထန်စွာရွာသွန်း စေ၍မိုးသီးများကိုကျလျက်ပျက်စီး စေမည်။-
14. အုတ်မြစ်များအတိုင်းသားပေါ်လာစေ ရန်ရည်ရွယ်လျက် ငါသည်ပရောဖက်တို့ ထုံးသုတ်ထားသည့်မြို့ရိုးကိုဖြိုချချိုး ဖဲ့မည်။ မြို့ရိုးပြိုကျသောအခါ သင်တို့ သည်ပိ၍သေကြလိမ့်မည်။ ထိုအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
15-16. ``မြို့ရိုးနှင့်တကွယင်းကိုထုံးသုတ်ပေး ကြသူတို့သည် ငါ၏အမျက်တော်ဒဏ်ကို ခံရကြလိမ့်မည်။ ထိုအခါမြို့ရိုးကား ပြိုပျက်လေပြီ။ ယင်းကိုထုံးသုတ်ပေးကြ သူများနှင့်ယေရုရှလင်မြို့တွင်အစစ အရာရာအေးငြိမ်းမှုမရှိဘဲ အေးငြိမ်း သောရူပါရုံကိုမြင်ပါသည်ဟုဆိုကြ သောပရောဖက်များသည် မြို့ရိုးများနည်း တူပျက်စီးဆုံးပါးကြပြီ'' ဟုသင်တို့ အားငါပြောမည်ဟူ၍ဖြစ်၏။ ဤကား ထာဝရဘုရားမိန့်မြွက်တော်မူသော စကားဖြစ်သတည်း။
17. ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့အထဲတွင် ဗျာဒိတ်စကား များကိုလုပ်ကြံဟောပြောကြသူအမျိုး သမီးတို့ကိုကြည့်လော့။ သူတို့အားရှုတ် ချလော့။-
18. ထိုနောက်သူတို့အားအရှင်ထာဝရဘုရား အောက်ပါအတိုင်းမိန့်တော်မူကြောင်းကို ဆင့်ဆိုရမည်မှာ``အချင်းအမျိုးသမီးတို့သင်တို့သည်အ မင်္ဂလာရှိကြပါသည်တကား။ အခြားလူ တို့ကိုထောင်ချောက်ကဲ့သို့ချုပ်ကိုင်နိုင်သော တန်ခိုးကိုရရှိကြစေရန် လူတိုင်းအားသင် တို့သည်မှော်အတတ်စီရင်ထားသည့်လက် ပတ်များနှင့် ခေါင်းစည်းပုဝါများကိုချုပ် လုပ်တပ်ဆင်ပေးကြ၏။ သင်တို့သည်မိမိ တို့ကိုယ်ကျိုးအတွက် ငါ၏လူစုတော် အပေါ်သေမှုရှင်မှုတန်ခိုးကိုရလို ကြ၏။-
19. မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
20. အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငှက်ကိုဖမ်းသကဲ့သို့၊ လူတို့အား ထောင်ချောက်ကဲ့သို့ထိန်းချုပ်ရန် သင်အသုံး ပြုသည့်လက်ပတ်များကိုငါမုန်း၏။ သင် ၏လက်မှလက်ပတ်များကိုဆွဲဖြတ်ကာ ငှက်များကဲ့သို့ထိန်းချုပ်ခံထားရသူ တို့အားသင်၏လက်မှငါလွတ်မြောက် စေမည်။-
21. သင်၏ခေါင်းစည်းပုဝါများကိုဆွဲဖြတ် ၍ ငါ၏လူမျိုးတော်အားသင့်လက်မှ အပြီးအပိုင်လွတ်မြောက်စေမည်။ ထို အခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်သိရှိလိမ့်မည်။
22. ``သင်တို့သည် ငါမညှိုးငယ်စေလိုသော သူတော်ကောင်းတို့အားမုသားကိုသုံး၍ စိတ်ပျက်အားလျော့စေ၏။ သင်တို့သည် ဆိုးညစ်သူတို့အားအကျင့်ဆိုးများကို မစွန့်လွှတ်ကြစေရန် အားပေးအားမြှောက် ပြု၍သူတို့၏အသက်များကိုဆုံးရှုံး စေလေသည်။-
23. သို့ဖြစ်၍ သင်တို့သည်သင်တို့၏ဗျာဒိတ် ရူပါရုံအတုများကိုမြင်ရတော့မည် မဟုတ်။ မှောက်မှားလမ်းလွဲမှုကိုဖြစ်စေ သည့်ဗျာဒိတ်စကားများကိုဟောရတော့ မည်မဟုတ်။ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း သင်တို့သိရှိစေရန်ငါ ၏လူမျိုးတော်အားသင်တို့လက်မှ ငါကယ်ဆယ်မည်'' ဟူ၍တည်း။