ယေ​ဇ​ကျေ​လ 12:24-28 Common Language Bible (BCL)

24. ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ၊ မှား​ယွင်း​သော​ဗျာ​ဒိတ် များ၊ နောက်​ထပ်​မ​ပေါ်​ပေါက်​ရ။-

25. ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်​အ​တိုင်း​ပြု​ရ​မည်။ ကြန့်​ကြာ မှု​ရှိ​တော့​မည်​မ​ဟုတ်။ အ​ချင်း​ပုန်​ကန်​တတ်​သူ တို့၊ သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သင်​တို့​လက်​ထက်​၌​ပင်​ငါ​ပြု​မည်။ ဤ​ကား​ငါ မိန့်​မြွက်​တော်​မူ​သည့်​စ​ကား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

26. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​ရောက်​လာ​၏။-

27. ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​သင်​မြင်​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​နှင့် သင် ဟော​ကြား​သော​ဗျာ​ဒိတ်​စ​ကား​များ​သည် ဝေး ကွာ​သည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည်​ဟု ထင်​မှတ်​ကြ​၏။-

28. သို့​ဖြစ်​၍​ကြန့်​ကြာ​မှု​ရှိ​တော့​မည်​မ​ဟုတ်။ ငါ ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ​ဖြစ် ကြောင်း ထို​သူ​တို့​အား​ဆင့်​ဆို​လော့။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ဇ​ကျေ​လ 12