18. ကိုယ်တော်က``အချင်းလူသား၊ သင်သည် တုန်လှုပ်လျက်အစားအစာကိုစားလော့။ ကြောက်လန့်တုန်လှုပ်လျက်ရေကိုသောက် လော့။-
19. အရှင်ထာဝရဘုရားပေးတော်မူသောဤ ဗျာဒိတ်တော်ကိုဣသရေလပြည်ယေရု ရှလင်မြို့တွင် ယခုနေထိုင်လျက်ရှိသော လူတို့အတွက်ဖြစ်ကြောင်းပြောကြားလော့။ ထိုသူတို့သည်တုန်လှုပ်လျက်အစားအစာ ကိုစားရကြလိမ့်မည်။ ကြောက်လန့်တုန်လှုပ် လျက်ရေကိုသောက်ရကြလိမ့်မည်။ လူတိုင်း ပင်တရားလက်လွတ်ပြုကျင့်ကြသည်ဖြစ် ၍ သူတို့၏ပြည်ကိုငါသည်ပြောင်တလင်း ဖြစ်စေမည်။-
20. လူနေစည်ကားသည့်မြို့ကြီးတို့ကိုဖြို ဖျက်ကာ တစ်ပြည်လုံးကိုလူသူကင်းမဲ့စေ မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
21. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-