ယေ​ဇ​ကျေ​လ 12:1-5 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-

2. ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​ပုန်​ကန် တတ်​သည့်​လူ​မျိုး​အ​ထဲ​မှာ​နေ​ရ​၏။ သူ​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ကြ။ နား​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ ကြား​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သော​ကြောင့်​တည်း။''

3. ``အ​ချင်း​လူ​သား၊ ယ​ခု​သင်​သည်​ဒုက္ခ​သည် တစ်​ဦး​ကဲ့​သို့ အ​ထုပ်​အ​ပိုး​ကို​ယူ​၍​နေ့ အ​ချိန်​၌​ထွက်​ခွာ​သွား​လော့။ ယင်း​သို့​သင် အ​ရပ်​တစ်​ပါး​သို့​ထွက်​ခွာ​သွား​သည်​ကို လူ​တိုင်း​မြင်​ပါ​စေ။ ပုန်​ကန်​တတ်​သူ​တို့​သည် လည်း​သင့်​အား​နား​လည်​ကောင်း​နား​လည် ကြ​လိမ့်​မည်။-

4. သူ​တို့​မြင်​နိုင်​စေ​ရန်​နေ့​အ​ချိန်​၌ သင်​သည် အ​ရပ်​တစ်​ပါး​သို့​ပြောင်း​ရွှေ့​မည့်​အ​မူ​အ​ရာ ဖြင့်​အ​ထုပ်​အ​ပိုး​ပြင်​ဆင်​၍ ည​နေ​ချိန်​၌ သူ​တို့​၏​မျက်​မှောက်​တွင်​ဒုက္ခ​သည်​ကဲ့​သို့ ထွက်​ခွာ​သွား​လော့။-

5. သူ​တို့​ရှေ့​မှောက်​၌​ပင်​သင်​သည်​မိ​မိ​၏​အိမ် နံ​ရံ​တွင်​အ​ပေါက်​ဖောက်​၍ ထို​အ​ပေါက်​မှ သင်​၏​အ​ထုပ်​အ​ပိုး​ကို​ထုတ်​ယူ​လော့။-

ယေ​ဇ​ကျေ​လ 12