1. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2. ကိုယ်တော်က``အချင်းလူသား၊ သင်သည်ပုန်ကန် တတ်သည့်လူမျိုးအထဲမှာနေရ၏။ သူတို့သည် မျက်စိရှိလျက်နှင့်အဘယ်အရာကိုမျှမမြင် ကြ။ နားရှိလျက်နှင့်အဘယ်အရာကိုမျှမ ကြားကြ။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ပုန်ကန်တတ်သူများဖြစ်သောကြောင့်တည်း။''
3. ``အချင်းလူသား၊ ယခုသင်သည်ဒုက္ခသည် တစ်ဦးကဲ့သို့ အထုပ်အပိုးကိုယူ၍နေ့ အချိန်၌ထွက်ခွာသွားလော့။ ယင်းသို့သင် အရပ်တစ်ပါးသို့ထွက်ခွာသွားသည်ကို လူတိုင်းမြင်ပါစေ။ ပုန်ကန်တတ်သူတို့သည် လည်းသင့်အားနားလည်ကောင်းနားလည် ကြလိမ့်မည်။-
4. သူတို့မြင်နိုင်စေရန်နေ့အချိန်၌ သင်သည် အရပ်တစ်ပါးသို့ပြောင်းရွှေ့မည့်အမူအရာ ဖြင့်အထုပ်အပိုးပြင်ဆင်၍ ညနေချိန်၌ သူတို့၏မျက်မှောက်တွင်ဒုက္ခသည်ကဲ့သို့ ထွက်ခွာသွားလော့။-
5. သူတို့ရှေ့မှောက်၌ပင်သင်သည်မိမိ၏အိမ် နံရံတွင်အပေါက်ဖောက်၍ ထိုအပေါက်မှ သင်၏အထုပ်အပိုးကိုထုတ်ယူလော့။-
6. ထိုအထုပ်အပိုးကိုပခုံးပေါ်သို့တင်သည် ကိုလည်းကောင်း၊ မိမိသွားမည့်လမ်းကိုမမြင် နိုင်စေရန်မျက်နှာကိုဖုံး၍မှောင်ထဲတွင် သင် ထွက်ခွာသည်ကိုလည်းကောင်းထိုသူတို့မြင် ကြပါစေ။ သင်ပြုသောအမှုသည်ဣသရေ လအမျိုးသားတို့အတွက် သတိပေးသည့် နိမိတ်လက္ခဏာဖြစ်လိမ့်မည်'' ဟုမိန့်တော် မူ၏။
7. ငါသည်ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြု၏။ ထိုနေ့၌ဒုက္ခသည်တစ်ဦးကဲ့သို့ငါသည် အထုပ်အပိုးကိုယူပြီးနောက်ညနေချိန်မှောင် စပြုသောအခါ အိမ်နံရံကိုလက်ဖြင့်တူး ဖောက်ကာထိုသူတို့၏ရှေ့တွင်အထုပ်ကို ပခုံးပေါ်သို့တင်၏။
8. နောက်တစ်နေ့နံနက်၌ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
9. ကိုယ်တော်က``အချင်းလူသား၊ ပုန်ကန်တတ် သောဣသရေလအမျိုးသားတို့သည်ယခု သင်အဘယ်အမှုကိုပြုလျက်နေသည်ကို မေးမြန်းနေကြပြီဖြစ်၍။-
10. သူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်ဆိုတော်မူသည်ကိုဆင့်ဆိုလော့။ ဤ မိန့်ဆိုချက်သည်ယေရုရှလင်မြို့ကိုအုပ် စိုးလျက်ရှိသောမင်းနှင့်ထိုမြို့ရှိလူတို့ အတွက်ဖြစ်၏။-