21. သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။
22. အသက်ရှင်သောသတ္တဝါတို့သည်စ၍ပျံ ကြသောအခါဘီးများသည်လည်းလိုက် သွားကြ၏။ ဣသရေလအမျိုးသားတို့ ဘုရားသခင်၏တောက်ပသောဘုန်းအသ ရေတော်သည်သူတို့၏အပေါ်၌တည် လျက်ရှိ၏။-
23. ထိုနောက်တောက်ပသောဘုန်းတော်ရောင်ခြည် သည်မြို့မှထွက်ခွာ၍ အရှေ့ဘက်တွင်ရှိ သောတောင်ရိုးသို့ရွေ့လျားသွားတော်မူ၏။-
24. ဘုရားသခင်၏ဝိညာဉ်တော်ပေးတော်မူ သောဗျာဒိတ်ရူပါရုံထဲ၌ ဘုရားသခင် ၏ဝိညာဉ်တော်သည်ငါ့ကိုချီပင့်တော်မူ ပြီးလျှင် ပြည်နှင်ဒဏ်ခံရသူများရှိရာ ဗာဗုလုန်ပြည်သို့ပြန်လည်ပို့ဆောင်တော် မူ၏။ ထိုနောက်ဗျာဒိတ်ရူပါရုံသည်မှေး မှိန်၍သွားလေသည်။-
25. ငါသည်ငါ့အားထာဝရဘုရားဖော်ပြ တော်မူသမျှသောအမှုအခြင်းအရာ တို့ကို ပြည်နှင်ဒဏ်ခံရသူတို့အားပြန် ကြားလေ၏။