2. ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဤမြို့၌မကောင်းသောအကြံကိုပေးကြ သူလူယုတ်မာများကားဤသူတို့ပင် ဖြစ်၏။-
3. သူတို့က`ငါတို့သည်အိမ်များကိုမကြာမီ တစ်ဖန်ဆောက်လုပ်ကြမည်။ ဤမြို့သည်အိုး ကင်းနှင့်တူ၍ ငါတို့ကားအိုးကင်းထဲမှ အမဲသားနှင့်တူကြ၏' ဟုဆိုကြ၏။-
4. သို့ဖြစ်၍အချင်းလူသားသူတို့အားရှုတ် ချ၍ပရောဖက်ပြုကြလော့'' ဟုမိန့်တော် မူ၏။
5. ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ၏ အပေါ်သို့သက်ရောက်တော်မူ၏။ ထာဝရ ဘုရားက``အို ဣသရေလအမျိုးသားတို့၊ သင်တို့ပြောဆိုနေကြသောစကားများ နှင့်သင်တို့၏အကြံအစည်များကိုငါ သိ၏။-
6. သင်တို့သတ်ဖြတ်သောသူတို့သည်လွန်စွာ များပြားလှသဖြင့် လမ်းများသည်လူသေ ကောင်တို့ဖြင့်ပြည့်နှက်နေလေပြီ။
7. သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``ဤမြို့သည်အမှန်ပင်အိုးကင်း နှင့်တူလိမ့်မည်။ သို့ရာတွင်အမဲသားက အဘယ်အရာဖြစ်သနည်း။ သင်တို့လက် ဖြင့်သေရသည့်အလောင်းများပင်ဖြစ်ပါ သည်တကား။ သို့ရာတွင်ငါသည်သင်တို့ အားမြို့ပြင်သို့ပစ်ထုတ်လိုက်မည်။-
8. သင်တို့သည်ဋ္ဌားကိုကြောက်ကြသလော။ သင် တို့အားဋ္ဌားဖြင့်ခုတ်ဖြတ်မည့်သူတို့ကိုငါ ခေါ်ဆောင်ခဲ့မည်ဟုအရှင်ထာဝရဘုရား မိန့်ဆို၏။-