11. အိုးကင်းသည်အမဲသားကိုကာကွယ်သကဲ့ သို့ ဤမြို့သည်သင်တို့အားအကာအကွယ် ပေးလိမ့်မည်မဟုတ်။ သင်တို့သည်ဣသရေလ ပြည်နယ်စပ်တွင် ငါသည်သင်တို့ကိုအပြစ် ဒဏ်ခတ်မည်။-
12. ငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ အိမ်နီးချင်းတိုင်းပြည်များ၏တရား ဥပဒေကိုလိုက်နာ၍ငါ၏ပညတ်များ၊ အမိန့် များကိုချိုးဖောက်ကြောင်းကိုလည်းကောင်း သင် တို့သိရှိကြလိမ့်မည်'' ဟူ၍ငါ့အားမိန့်တော် မူ၏။
13. ငါသည်ထိုဗျာဒိတ်တော်ကိုဆင့်ဆိုနေစဉ် ဗေနာယ၏သားပေလတိသည်လဲ၍သေ လေ၏။ ထိုအခါငါသည်မြေပေါ်သို့လှဲချ ပျပ်ဝပ်လိုက်ပြီးလျှင်``အို အရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ကျန်ရှိနေသေး သည့်ဣသရေလအမျိုးသားမှန်သမျှ တို့အားသုတ်သင်ပစ်တော်မူမည်လော'' ဟုဟစ်အော်လျှောက်ထား၏။
14-15. ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံ သို့ရောက်လာ၏။ ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့ သည်သင်နှင့်သင်၏ညီအစ်ကိုဣသရေလ အမျိုးသားတို့၏အကြောင်းကိုပြောဆိုနေ ကြ၏။ သူတို့က`ပြည်နှင်ဒဏ်ခံရသူတို့သည် ထာဝရဘုရားသွေးတော်စပ်သူညီအစ်ကို နှင့်ထံတော်မှ ရပ်ဝေးသို့ရောက်ရှိနေကြ၏။ သို့ဖြစ်၍ကိုယ်တော်သည်ဤပြည်ကိုငါတို့ အားပေးတော်မူပြီ' ဟုဆိုကြ၏။''
16. ထို့ကြောင့်ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``သူတို့အားရပ်ဝေးရှိလူမျိုးခြား နှင့်အတူနေထိုင်ရန်စေလွှတ်၍ တိုင်းတစ်ပါး တို့တွင်ပျံ့လွင့်စေခဲ့သော်လည်းအခိုက်အတန့် အားဖြင့် သူတို့ရှိရာအရပ်၌သူတို့နှင့် အတူငါရှိမည်။''
17. ``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုသူတို့အားဆင့်ဆိုလော့။ ငါသည် လူမျိုးခြားတို့ထဲမှသူတို့အားပြန်လည်သိမ်း ဆည်း၍ သူတို့ပျံ့လွင့်လျက်ရှိသည့်ပြည်များ မှသူတို့ကိုပြန်လည်စုသိမ်းမည်။ ဣသရေလ ပြည်ကိုပြန်လည်ပေးအပ်မည်။-
18. သူတို့သည်ပြန်လည်ရောက်ရှိလာသောအခါ မိမိတို့တွေ့ရှိရသမျှသောစက်ဆုပ်ဖွယ်ကောင်း သည့်ရုပ်တုများကိုပယ်ရှားရကြမည်။-
19. သူတို့အားစိတ်သဘောတညီတညွတ်တည်း ဖြစ်စေ၍ စိတ်သစ်နှလုံးသစ်ကိုငါပေးမည်။ ငါသည်သူတို့၏ခိုင်မာသောကျောက်နှလုံး ကိုယူပစ်၍ နာခံတတ်သောနှလုံးကိုပေး မည်။-
20. သို့ဖြစ်၍သူတို့သည်ငါ၏ပညတ်များကို စောင့်ထိန်း၍ငါ၏အမိန့်များကိုတိကျ စွာလိုက်နာကြလိမ့်မည်။ သူတို့သည်ငါ၏ လူမျိုးတော်ဖြစ်၍ငါသည်လည်းသူတို့၏ ဘုရားဖြစ်လိမ့်မည်။-
21. သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။
22. အသက်ရှင်သောသတ္တဝါတို့သည်စ၍ပျံ ကြသောအခါဘီးများသည်လည်းလိုက် သွားကြ၏။ ဣသရေလအမျိုးသားတို့ ဘုရားသခင်၏တောက်ပသောဘုန်းအသ ရေတော်သည်သူတို့၏အပေါ်၌တည် လျက်ရှိ၏။-
23. ထိုနောက်တောက်ပသောဘုန်းတော်ရောင်ခြည် သည်မြို့မှထွက်ခွာ၍ အရှေ့ဘက်တွင်ရှိ သောတောင်ရိုးသို့ရွေ့လျားသွားတော်မူ၏။-
24. ဘုရားသခင်၏ဝိညာဉ်တော်ပေးတော်မူ သောဗျာဒိတ်ရူပါရုံထဲ၌ ဘုရားသခင် ၏ဝိညာဉ်တော်သည်ငါ့ကိုချီပင့်တော်မူ ပြီးလျှင် ပြည်နှင်ဒဏ်ခံရသူများရှိရာ ဗာဗုလုန်ပြည်သို့ပြန်လည်ပို့ဆောင်တော် မူ၏။ ထိုနောက်ဗျာဒိတ်ရူပါရုံသည်မှေး မှိန်၍သွားလေသည်။-
25. ငါသည်ငါ့အားထာဝရဘုရားဖော်ပြ တော်မူသမျှသောအမှုအခြင်းအရာ တို့ကို ပြည်နှင်ဒဏ်ခံရသူတို့အားပြန် ကြားလေ၏။