ယေ​ဇ​ကျေ​လ 10:7-14 Common Language Bible (BCL)

7. သတ္တ​ဝါ​တစ်​ပါး​သည်​လက်​ကို​ဆန့်​၍​သတ္တ ဝါ​များ​အ​ကြား​၌​ရှိ​သည့်​မီး​ကျီး​ခဲ​ကို ကောက်​ယူ​ကာ ပိတ်​ချော​ထည်​ဝတ်​ဆင်​သူ ၏​လက်​ခုပ်​ထဲ​သို့​ထည့်​၍​ပေး​၏။ ထို​သူ သည်​လည်း​မီး​ကျီး​ခဲ​များ​ကို​ယူ​၍ ထွက်​သွား​၏။

8. သတ္တ​ဝါ​တိုင်း​၏​တောင်​ပံ​များ​အောက်​၌ လူ လက်​နှင့်​တူ​သော​လက်​တစ်​ခု​စီ​ရှိ​သည်​ကို လည်း​ကောင်း၊-

11. ထို​ဘီး​တို့​လှုပ်​ရှား​ရာ​၌​ဘီး​တို့​သည်​မ​လှည့် ဘဲ သတ္တ​ဝါ​များ​သွား​သည့်​အ​တိုင်း​သူ​တို့ မျက်​နှာ​မူ​ရာ​အ​ရပ်၊ မည်​သည့်​အ​ရပ်​သို့ မ​ဆို​သွား​လာ​နိုင်​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​ကိုယ်​ကို​လှည့်​နေ​ရန်​မ​လို​ဘဲ အား​လုံး တ​ညီ​တ​ညာ​တည်း​မိ​မိ​တို့​သွား​လို​ရာ ဘက်​သို့​သွား​နိုင်​ကြ​၏။-

12. သူ​တို့​ကိုယ်​ခန္ဓာ​များ၊ ကျော​ကုန်း​များ၊ လက် များ၊ တောင်​ပံ​များ​နှင့်​ဘီး​များ​သည်​မျက်​စိ များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​၏။-

13. ထို​ဘီး​တို့​ကို``စ​ကြာ​ဘီး​များ'' ဟု​ခေါ်​ဆို သည်​ကို​ငါ​ကြား​ရ​၏။

14. ထို​သတ္တ​ဝါ​တစ်​ပါး​လျှင်​မျက်​နှာ​လေး​ခု​ရှိ​၍ ပ​ထ​မ​မျက်​နှာ​သည်​ခေ​ရု​ဗိမ်​မျက်​နှာ၊ ဒု​တိ​ယ မှာ​လူ​မျက်​နှာ၊ တ​တိ​ယ​ကား​ခြင်္သေ့​မျက်​နှာ၊ စ​တုတ္ထ​မှာ​လင်း​ယုန်​မျက်​နှာ​ဖြစ်​၏။-

ယေ​ဇ​ကျေ​လ 10